ရက်ပေါင်း (၂၀) အတွင်း နိုင်ငံတစ်ဝန်း၌ မီးလောင်မှု အကြိမ်ရေ(၈၀) ကျော် ဖြစ်ပွားထား

0
134

မတ်လ(၁)ရက်မှစတင်၍ ယနေ့ မတ်လ (၂၀) ရက် နေ့လယ်ပိုင်း အချိန်အထိ နိုင်ငံတစ်ဝန်း၌ မီးလောင်ကျွမ်းမှု အကြိမ်အရေအတွက်မှာ (၈၉) ကြိမ် အထိဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ဖော်ပြထားသော မီးလောင်ကျွမ်းမှုနှင့်ပတ်သက်သည့် စာရင်းအချက်အလက်များအရ သိရသည်။

မီးလောင်ကျွမ်းမှုများအနက် လူနေအိမ် မီးလောင်ကျွမ်းမှုများမှာ အကြိမ်‌ရေ (၅၀) ရှိပြီး တောမီးအပါအဝင် အမှိုက်ပုံမီး၊ မြက်ခြောက်မီးနှင့် ကိုင်းတောမီးလောင်မှုများမှာ (၃၉) ကြိမ် စုစုပေါင်း မီးလောင်ကျွမ်းမှု (၈၉)ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်ကျွမ်းမှုတွင် ရန်ကုန်တိုင်းအတွင်း (၁၅)ကြိမ်၊ မန္တလေးတိုင်းအတွင်း (၁၂)ကြိမ်၊ မကွေးတိုင်း (၄)ကြိမ်၊ စစ်ကိုင်းတိုင်း (၁)ကြိမ်၊ ပဲခူးတိုင်း (၅) ကြိမ်၊ ဧရာဝတီတိုင်း (၃) ကြိမ်၊ နေပြည်တော် (၁)ကြိမ် အသီးသီးရှိကြပြီး၊ ပြည်နယ်များအလိုက် ရှမ်းပြည်နယ်အတွင်း (၅) ကြိမ်၊ ကရင်ပြည်နယ် (၁)ကြိမ်၊ မွန်ပြည်နယ်(၂)ကြိမ်၊ ကချင်ပြည်နယ်အတွင်း (၂)ကြိမ်စီဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အရေအတွက်များသည် တိုက်ပွဲကြောင့် မီးသင့် ဆုံးရှုံးခဲ့ရသည့် ဒေသများရှိ အရေအတွက်များမပါဝင်ပေ။

ပုံစာ-ရန်ကုန်တိုင်း တိုက်ကြီးမြို့ အိုတန်းရပ်ကွက်ရှိအမှိုက်ပုံ မီးလောင်နေမှု မြင်ကွင်း(MFSD)


LEAVE A REPLY

Please enter your comment!
Please enter your name here