ဒုံးပျံပစ်လွှတ်စမ်းသပ်မှုများကို ကင်ဂျုံအန်ကြီးကြပ်ကွပ်ကဲသော ဗီဒီယိုဖိုင် မြောက်ကိုရီးယား ထုတ်ပြန်

0
129

မြောက်ကိုရီးယားနိုင်ငံတွင် ဒုံးကျည်များစမ်းသပ်ပစ်လွှတ်ရာတွင် ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေပုံများပါဝင်သည့် ဗီဒီယိုဖိုင်တစ်ခုကို မြောက်ကိုရီးယားအစိုးရပိုင် Korean Central Television ရုပ်သံလိုင်းက တရားဝင်ထုတ်ပြန်လိုက်သည်။

ကင်ဂျုံအန်သည် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ကွင်းတွင် စစ်တပ်အရာရှိများကို ပြောဆိုညွှန်ကြားနေခြင်းနှင့်၊ ဒုံးကျည်အချို့စမ်းသပ်ပစ်လွှတ်ခြင်းများ ယင်းဗီဒီယိုဖိုင်တွင်ပါရှိသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားတပ်မတော်၏ စစ်ပွဲစွမ်းရည်များကို စမ်းသပ်ရန် ရည်ရွယ်ထားကြောင်း Korean Central Television ကဆိုသည်။

မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည် အများအပြားကို ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်တို့က ပြောကြားပြီးနောက် တစ်ရက်အကြာတွင် အဆိုပါ ဗီဒီယိုကို ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

အတည်ပြုထားသော အချက်အလက်များအရ မြောက်ကိုရီးယားစစ်တပ်သည် မတ်လ ၁၈ရက်နေ့ အစောပိုင်းတွင် ပဲ့ထိန်းဒုံးကျည်သုံးစင်း စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကား၍ ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။

ဒုံးကျည်များသည် အမြင့် ၅၀ ကီလိုမီတာအထိ နှင့် အကွာအဝေး ကီလိုမီတာ ၃၅၀အထိ လွှမ်းခြုံရောက်ရှိကြောင်း သိရသည်။

ယင်းဒုံးကျည်များသည် ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းနှင့် မနီးမဝေးတွင် ပင်လယ်တွင်းသို့သက်ဆင်းခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ပဲ့ထိန်းဒုံးကျည်များကို ဇန်နဝါရီ ၁၄ ရက်က နောက်ဆုံးပစ်လွှတ်ခဲ့ခြင်းဖြစ်ကာ၊ အသံထက်မြန်သော လောင်စာခဲသုံး ပဲ့ထိန်း ဒုံးကျည်ကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here