ပုဗ္ဗသီရီမြို့နယ်နှင့် ပျဉ်းမနားမြို့တို့တွင် ယနေ့ နံနက်အစောပိုင်းက နေအိမ်နှင့် ဓါတ်တိုင်မီးလောင်မှု ဖြစ်ပွားခဲ့

0
152

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရီမြို့နယ်နှင့် ပျဉ်းမနားမြို့တို့တွင် ယနေ့ နံနက်အစောပိုင်းက နေအိမ် မီးလောင်မှုနှင့် ဓါတ်တိုင်မီးလောင်မှုတို့ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

ယနေ့ မတ်လ (၂၁) ရက်၊ နံနက် (၇)နာရီ (၁၇)မိနစ်အချိန်က နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်၊ အောင်သာယာရွာ၊ နှင်းဆီအဝိုင်းအနီးတွင် နေအိမ်မီးလောင်မှုဖြစ်ပွားရာ ပုဗ္ဗသီရီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၇)နာရီ (၂၅)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၇)နာရီ (၂၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ မတ်လ (၂၁)ရက်၊ နံနက် အစောပိုင်း (၇) နာ ရီ (၅၁)မိနစ်ခန့်အချိန်ကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့၊ ဥယျာဉ်စုရပ်ကွက်တွင် ဓာတ်တိုင် တစ်တိုင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နယ်မြေခံ မီးသတ်တပ်ဖွဲ့မှ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်တို့နှင့် ပတ်သက်၍ မီးလောင်မှု အကြောင်းရင်းနှင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲမှ ဆက်လက် စစ်ဆေးတွက်ချက်သွားမည်ဖြစ်ပြီး လိုအပ်သည်များ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here