ယူကရိန်းရှိ ပြင်သစ်စစ်သားအားလုံးကို ရှင်းလင်းပစ်မည်ဟု အကြီးတန်းလွှတ်တော်အမတ်ဆို

0
219

ယူကရိန်းသို့ ရောက်ရှိလာကြသည့် ပြင်သစ်စစ်သားအားလုံးကို ရုရှားစစ်တပ်က ရှင်းလင်းပစ်မည် ဖြစ်ကြောင်း ရုရှားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Pyotr Tolstoy က ပြောကြားလိုက်သည်။ သူက BFMTV ရုပ်သံလိုင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသို့ အစောပိုင်းက ရောက်ရှိလာခဲ့ကြသော ပြင်သစ်ကြေးစားစစ်သား ၃၆၇ ဦးအနက် ၁၄၇ ဦးကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း Pyotr Tolstoy က ဆိုသည်။

ထို့အပြင် တော်စတွိုင်းက ပြင်သစ်သမ္မတ Emmanuel Macron ၏ ပြောကြားချက်များနှင့် Kiev ကို အကူအညီပေးရာတွင် အနီရောင်လိုင်းများကို ပယ်ချခြင်းနှင့်ပတ်သက်၍ ရုရှားက ဂရုမစိုက်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ပြင်သစ်သည် ယူကရိန်းသို့ စေလွှတ်မည့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တစ်ခုကို ပြင်ဆင်နေပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန (SVR) ဒါရိုက်တာ Sergey Naryshkin က မတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ပြင်သစ်စစ်တပ် ဝန်ကြီးဌာနကမူ Naryshkin ပြောကြားချက်မဟုတ်မှန်ကြောင်း X လူမှုကွန်ရက်မှ ပြန်လည်ချေပခဲ့သည်။

ဖေဖော်ဝါရီလနှောင်းပိုင်းက ပါရီမြို့၌ ကျင်းပခဲ့သော ယူကရိန်းအရေးဆိုင်ရာ ညီလာခံအပြီးတွင် “ရုရှားကို အသာစီးမရအောင် အနောက်နိုင်ငံတွေက လိုအပ်သမျှ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here