ယူကရိန်း ချက်ခြင်းပြိုလဲသွားနိုင်သည်ဟု မက်ခရွန်ပြော

0
182

ပြင်သစ်သမ္မတ အင်မန်နူယယ်မက်ခွရွန်က ယူကရိန်းပြိုလဲလုနီးပြီဟု ပြောကြားကြောင်း ၎င်း၏သတင်းရင်းမြစ်များကို ကိုးကား၍ ဥရောပထုတ် Politico သတင်းစာက ဖော်ပြခဲ့သည်။

ယင်းသတင်းအရ ဗုဒ္ဓဟူးနေ့တွင် မက်ခရွန်သည် Elysee နန်းတော်တွင်နိုင်ငံရေးပွဲတစ်ခုကျင်းပခဲ့ပြီးနောက်ဥရောပပါလီမန်တွင်ကျင်းပမည့်ရွေးကောက်ပွဲများနှင့်ပတ်သက်၍ဆွေးနွေးစဉ် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ယူကရိန်းဟာ ချက်ခြင်းဆိုသလို ပြိုလဲသွားနိုင်ပါတယ်” ဟု မက်ခရွန်က ပြောခဲ့ကြောင်း ယင်းစည်းဝေးပွဲ၌ ပါဝင်သူတစ်ဦးမှ သတင်းစာသို့ လက်ဆင့်ကမ်း ပြောကြားခဲ့သည်။

အစောပိုင်းက ချက်သမ္မတ Petr Pavel နှင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မက်ခရွန်က ဥရောပနိုင်ငံများတွင်ဖြစ်ပေါ်နေသည့် ရှုံးနိမ့်သောစိတ်ဓာတ်များ ပျံ့နှံ့မှုကို တားဆီးရန် ယူကရိန်းကို ကူညီခြင်းနှင့်ပတ်သက်၍ ပြောဆိုသည့်အခါတွင် ဥရောပနိုင်ငံများက ၎င်းတို့ကို ကန့်သတ်ချက်များမထုတ်သင့်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထိုသို့ပြောကြားခြင်းကို ဆန့်ကျင်သည့်အနေဖြင့် မက်ခရွန်က ယူကရိန်းအတွက် စစ်ရေးအကူအညီရရှိရန် အရေးကြီးကြောင်းကို အလေးပေးပြောကြားခဲ့ပြီး EU ပြင်ပနိုင်ငံများမှ အမြောက်ကျည်များဝယ်ယူရန် ချက်နိုင်ငံ၏ အစပြုမှုကို ထောက်ခံကြောင်းကိုလည်း ပြောကြားခဲ့သေးသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပြင်သစ်နိုင်ငံ ပါရီတွင် ပြုလုပ်သည့် ယူကရိန်းအရေးကွန်ဖရင့်အပြီး ပြောကြားရာတွင် ယူကရိန်း အထူးစစ်ဆင်ရေးဇုန်သို့ အနောက်နိုင်ငံမှ တပ်များစေလွှတ်ခြင်း ဖြစ်နိုင်ချေကို မက်ခရွန်က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ခြင်း မရှိပေ။ ရုရှားရဲ့အောင်နိုင်မှုကို တားဆီးရန်အတွက် အနောက်နိုင်ငံများက လိုအပ်သလို ဆောင်ရွက်သွားမည်ဟုလည်း သူက ကတိပြုခဲ့သေးသည်။

မတ်လ ၁၇ ရက်နေ့က Le Parisien သတင်းစာနှင့်အင်တာဗျူးတွင်လည်း မက်ခရွန်က ယူကရိန်းရှိ ရုရှားတပ်များကို ရင်ဆိုင်ရန်အတွက် မြေပြင်စစ်ဆင်ရေးသည် တစ်ချိန်ချိန်တွင် လိုအပ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here