အမရပူရမြို့နယ်တွင် (၁၂) ဘီးယာဉ် ရေမြောင်းထဲ ထို-းကျရာမှ ယာဉ်မောင်း အသက်ဆုံးရှုံး

0
144

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာအနီးတွင် (၁၂)ဘီးယာဉ် တွဲကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းထဲ ထို-းကျရာမှ ယာဉ်မောင်းသူ အသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)တို့မှ သိရသည်။

မတ်လ(၂၁) ရက်၊ ည (၈)နာရီ (၇)မိနစ်အချိန်ခန့်က အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာအပိုင်၊ မန်ကျည်းချိုကွေ့၊ မြစ်ငယ် – ထုံးဘိုဖြတ်လမ်းတွင် ယာဉ်တစ်စီး ရေမြောင်းထဲ ပြု-တ်-ကျမှု ဖြစ်ပွားကြောင်း သတင်းအရ အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှေ-ာက်မှုကြောင့် ယာဉ်ပေါ်ပါ ဒဏ်ရာရရှိသူ ယာဉ်နောက်လိုက်ကို လောကပါလ လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် လည်းကောင်း၊ အသက်ဆုံးရှုံးသူ ယာဉ်မောင်း၏ ရုပ်အလေ-ာင်းကို ထာဝရတွဲလက်များ လူမှုကယ်ဆယ်ရေးအသင်း လူနာတင်ယာဉ်တို့ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here