သြစတြေးလျနှင့် ရေကြောင်းအရေး ဆွေးနွေးရန် တရုတ် စဉ်းစားနေ

0
131

ပေကျင်း၊မတ် ၂၁

တောင်တရုတ်ပင်လယ်နှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံအများအပြားအကြား တင်းမာမှုများမြင့်တက်လာပြီး ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်လာသဖြင့် သြစတြေးလျနှင့်ရေကြောင်းဆိုင်ရာ ဆွေးနွေးပွဲများစတင်ရန် တရုတ်နိုင်ငံကစဉ်းစားနေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ်လ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံအများအပြားက ၎င်းတို့ ပိုင်သည်ဟု ပြောကြားနေကြသကဲ့သို့ တရုတ်နိုင်ငံကလည်း ၎င်း၏ပိုင်နက်ဟု အခိုင်အမာ ပြောကြားထားသည့် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးသည် အရေးပါသောစီးပွားရေးရေလမ်းကြောင်းဖြစ်သကဲ့သို့ ၎င်းကိစ္စ‌ကြောင့်ပင်ထိပ်တိုက်ရင်ဆိုင်မှုများလည်းမျာပြားလာခဲ့သည်။

ယင်းအတွက်ကြောင့်ပင် ပင်လယ်ရေကြောင်းဆိုင်ရာပြဿနာများသည် တရုတ်နှင့်သြစတြေးလျကြားတွင်လည်း အဓိကအကြောင်းအရာဖြစ်နေခဲ့သည်။

ဩစတြေးလျသို့အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက သြစ‌တြေးလျကာကွယ်ရေးဝန်ကြီးနှင့်တကွ အခြားခေါင်းဆောင်များနှင့်လည်း တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောထား ကွဲလွဲမှုများကို ဆွေးနွေးခဲ့သည်ဟုသိရသည်။

“နယ်ပယ်အသီးသီးမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လုပ်ကြဖို့ နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပါတယ်” ဟုဆိုကာ နှစ်ဘက်စလုံးက ရေကြောင်းဆိုင်ရာဆွေးနွေးပွဲများကို စတင်ရန်စဉ်းစားနေကြသည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Lin Jian ကပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား သံတမန်ရေးရာ၊ကုန်သွယ်မှု၊နည်းပညာ၊ပညာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်မည့် အခြားကဏ္ဍများပါဝင်သေးသည်ဟုသိရသည်။

Source : ရိုက်တာ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here