Online Trading Platform မှ တဆင့် တရုတ်ယွမ် ၅ သန်း နှင့် ထိုင်းဘတ် သန်း ၅၀ ယနေ့ ရောင်းချပေးမည်

0
298

ယနေ့ မတ်လ (၂၂) ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတဆင့် တရုတ်ယွမ် ၅ သန်း နှင့် ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ဗဟိုဘဏ်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတဆင့် ထုတ်ရောင်းပေးလျက်ရှိရာ ယခုတစ်ကြိမ်သည် လေးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတဆင့် ဖေဖော်ဝါရီ (၂) ရက်တွင် ဒေါ်လာ ၅ သန်းနှင့် ထိုင်းဘတ်သန်း ၅၀၊ မတ်လ (၅) ရက်တွင် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၁၂ သန်း၊ မတ် လ (၉) ရက်တွင် ထိုင်းဘတ်သန်း ၅၀၊ မတ်လ (၁၄) ရက်တွင် ဒေါ်လာ ၅ သန်း ထုတ်ရောင်းထားပြီးဖြစ်၍ တစ်လခွဲကျော်တွင် Online Trading Platform မှတဆင့် နိုင်ငံခြားငွေ လေးကြိမ်ရောင်းချပေးခဲ့မှု ဒေါ်လာ ၁၀ သန်း၊ တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၁၁၂ သန်း ထုတ်ရောင်းထားပြီးဖြစ်သည်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ကုန်ဆုံးခါနီးတွင် ဗဟိုဘဏ်မှ ပိုကုန်သွင်းကုန်လုပ်ငန်းရှင်များကို ဒေါ်လာများဆက်တိုက်ထုတ်ရောင်းပေးနေခြင်းလည်း ဖြစ်သည်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၃,၅၀၀ ဝန်းကျင်သာရှိနေရာမှ ဖေဖော်ဝါရီလမှစတင်ကာ ငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ မတ် ၂၂ ရက်အထိ တစ်ဒေါ်လာ ၃၇၇၀ ၊ တရုတ်ယွမ်ငွေ တစ်ယွမ်လျှင် မြန်မာငွေ ၅၀၅၊ ထိုင်းဘတ် တစ်ဘတ်လျှင် ၁၀၃ ကျပ်အထိအထိမြင့်တက်နေ‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here