လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ထပ်မံ‌ရောက်ရှိလာ

0
137

တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ မတ် (၂၁) ရက်တွင် ထပ်မံ‌ရောက်ရှိလာပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar Construction & Development Infrastructure Co., Ltd. မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် Volkswagen ID-6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Changan Deepal S7 အမျိုးအစား လျှပ်စစ်သုံးယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။

လျှပ်စစ်သုံးယာဉ် EV များပြန်လည်ရောင်းချရာ၌ Show Room ဖွင့်ပြီး ရောင်းချရန် ၊ CIF တန်ဖိုး အပေါ်အမြတ် ၂၀ ရာခိုင်နှုန်းထက် ပိုမရောင်းရန် ၊ လူမှုကွန်ရက်မှတဆင့် ကြော်ငြာရောင်းချခြင်း မပြုလုပ်ရန်လည်း စည်းမျဉ်းကန့်သတ်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ EV ကားတင်သွင်းခွင့်ရရှိထားသည့် ကုမ္ပဏီ ၃၀ ကျော်မှ ကား Brand မျိုးစုံ တင်သွင်းခဲ့သော်လည်း ဝန်ဆောင်မှုနှင့် အာမခံချက်ပေးနိုင်သည့် ကုမ္ပဏီမှာ အနည်းငယ်သာရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here