လွိုင်ကော်မြို့တွင် မဟာသင်္ကြန်ပွဲအားရိုးရာအတိုင်း ကျင်းပမည်

0
139

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်၂၀၂၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်အား ရိုးရာအစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဟာသင်္ကြန်ပွဲတော်စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မတ်လ (၂၀) ရက်၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရခန်းမတွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင်လည်း ပရိတ်တရားနာယူခြင်းနှင့် သက်ကြီးပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကော်မတီအလိုက် အောင်မြင်စွာဆောင်ရွက်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ မဟာသင်္ကြန်ပွဲတော်ကာလကို ကျင်းပခဲ့‌သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here