One Championship ပွဲစဉ်တွင် ဒုတိယမြောက် ပွဲကြမ်းမည့် စိုးလင်းဦး

0
182

ယခု မတ်လ (၂၉)ရက်နေ့၌ ပြုလုပ်မည့် One Championship ပွဲစဉ်တွင် ရိုးရာလက်ဝှေ့ ဖိုက်တာ သံမဏိ စိုးလင်းဦးနှင့် ပေါ်တူဂီဖိုက်တာ Fabio Reis တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

အသက် (၂၆)နှစ်အရွှယ် ပေါ်တူဂီဖိုက်တာ ဖေဘီရို (Fabioreis)သည် အရပ်(၅’ ၈”)ရှိသူဖြစ်ကာ One Championship ပွဲစဉ်များတွင်(၄)ပွဲထိုး (၂)ပွဲရှုံးနိမ့်ထားသူ တစ်ဦးဖြစ်သည်။

ယခု ယှဉ်ပြိုင်ထိုးသ-တ်မည့် ပွဲ့စဉ်သည် စိုးလင်းဦး၏ ဒုတိယမြောက်ပွဲ ဖြစ်ပြီး ပထမအကြိမ် ပွဲဦးထွက်တွင် ဂျပန်ဖိုက်တာကို အနိုင်ရရှိခဲ့ကာ ဘောနပ်ဆု‌ငွေ ဘတ်သုံးသိန်းခွဲကို ဆွတ်ခူးထားသည်။

ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးသည် ပြီးခဲ့သော ဖေဖော်ဝါရီ (၂၆)ရက်က ONE တွင် ပွဲဦးထွက်ကစားခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ ဂျပန်ဖိုက်တာ မာဆာရူရှီ အား သုံးချီမြောက်တွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ONE Championship အနေဖြင့် မတ်လ (၂၉)ရက်တွင် ပြုလုပ်မည့် ပွဲစဉ်များတွင် မြန်မာ့ရိုးရာလက်ဝှေ့ ဖိုက်တာများဖြစ်သည့် စိုးလင်းဦး၊ သန့်ဇင် နှင့် မိုးထက်အောင် တို့ သုံးဦးကို ပွဲထုတ်ကစားရန် စီစဉ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here