၇၂ကြိမ်မြောက် IAI အစည်းအဝေးတွင် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် 

0
187

အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ မတ်လ(၂၀)ရက် ပြုလုပ်ခဲ့သည့် 72nd Initiative for ASEAN Integration (IAI)လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် အာဆီယံဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ Initiative for ASEAN Integration (IAI) စတင် အကောင်အထည်ဖော်ခဲ့သည်မှာ ဆယ်စုနှစ် (၂) စုကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

IAI အစီအစဉ်သည် အာဆီယံ အသိုက်အဝန်းတည်ထောင်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ၊ ယခုအစီအစဉ်မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ IAI Work Plan IV (2021-2025) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ ယခင် Work Plan III မှ ဆက်လက် အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ၊ လက်ရှိ လုပ်ငန်းစီမံချက် (Work Plan IV) တွင် စင်ကာပူ၊ ဂျာမနီ၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့မှ အထောက်အပံ့ပေးရန် အတည်ပြုချက် ရရှိပြီးဖြစ်သည့် စီမံကိန်းအသစ် (၁၆) ခုတို့အပေါ် IAI Task Force အဖွဲ့ဝင်များမှ အတည်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

IAI Work Plan IV အတွက် Output Monitoring တွင် သက်ဆိုင်ရာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ National Coordinators များမှ ဖြည့်စွက်ရမည့်ကိစ္စရပ်များအပါအဝင် ယခုနှစ် လာအိုနိုင်ငံ၏ Priority Economic Deliverable (PED) ကို အကောင်အထည်ဖော်ရန် Strategies Framework ချမှတ် အကောင်အထည်ဖော်ရာတွင် Economic Research Institute for ASEAN and East Asia (ERIA) မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် ကိစ္စရပ်များ အပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံပေါင်းစည်းရေးလုပ်ငန်းအဖွဲ့ဝင် အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးရှိ IAI and NDG Division တာဝန်ရှိသူများ၊ အာဆီယံ အမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီ လုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ်များနှင့် ERIA တို့သည် အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here