သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ တတိယအဆင့်အိမ်ခန်းများ ငှားရမ်းနေထိုင်ခွင့်အတွက် စတင်လျှောက်ထားနိုင်ပြီဖြစ်

0
507

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ တတိယအဆင့် အိမ်ခန်းများ ငှားရမ်းနေထိုင်ခွင့်အတွက် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

မကြာမီထပ်မံ ပြီးစီးတော့မည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ တိုက်ခန်း ၄၀၀ ကျော်ကို ၂၀၂၄ ခုနှစ် မေလတွင် ငှားရမ်းနေထိုင်ခွင့် ရရှိနိုင်ရေးအတွက် တတိယအဆင့် အိမ်ခန်းများငှားရမ်း နေထိုင်ခွင့်စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။

အဆိုပါ အိပ်ခန်းငှားရမ်းခွင့် လျှောက်ထားလိုသူများအနေဖြင့်‌ လျှောက်လွှာများကို ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်မှစတင်ပြီးလျှောက်လွှာများ ဝယ်ယူနိုင်ကာ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာထားပြီးဖြစ်သည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ပထမအဆင့် မဲပေါက်နေထိုင်ခွင့်ရရှိသူများအတွက် အိမ်လခစပေါ်ငွေလက်ခံခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှ ၃၀ ရက်အထိ လက်ခံဆောင်ရွက်ထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် အိမ်ခန်းပေါင်း ၄၅၀ ကို သော့ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here