၂၀၂၃ ခုနှစ်တွင် တီဘီလူနာ တစ်သိန်းနှစ်သောင်းကျော် ရှာဖွေကုသပေးနိုင်ခဲ့ဟုဆို

0
111

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တီဘီလူနာ တစ်သိန်းနှစ်သောင်းကျော် ရှာဖွေကုသပေးနိုင်ခဲ့ပြီး ဆေးကုသမှုအောင်မြင်နှုန်းမှာ ၈၈ ရာနှုန်းရရှိခဲ့ကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

မတ်လ ၂၂ ရက်တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အထိမ်းအမှတ်အခမ်းအနားတွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

တီဘီရောဂါ ရှာဖွေတွေ့ရှိမှုနည်းသည့် ဒေသများတွင် တီဘီရောဂါရှိပြီး ဆေးကုသမှု မရရှိနိုင်သေးသည့် လူနာများရှိနိုင်သဖြင့် ပိုမိုကြိုးစားရှာဖွေပေးရန်လိုအပ်ပြီး တီဘီရောဂါသည် ကုသပျောက်ကင်းနိုင်သည့် ရောဂါတစ်ခုဖြစ်သည့်အတွက် စောစီးစွာရှာဖွေဖော်ထုတ်ကုသနိုင်ပါက ပြည်သူလူထုအတွင်း တီဘီရောဂါ ကူးစက်ပြန့်ပွားမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့အပြင် တီဘီလူနာ အရှိန်အဟုန်မြှင့် ရှာဖွေခြင်းလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တီဘီလူနာများအား မဖြစ်မနေမပျက်မကွက် သတင်းပို့နိုင်ရေးအတွက် ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းများ အနေဖြင့် ယခုထက် ပိုမိုပါဝင် ဆောင်ရွက်ရန်တိုက်တွန်းလိုကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီနှင့် ဆေး ယဉ်ပါး တီဘီရောဂါအဖြစ် အများဆုံးနိုင်ငံ ၃၀ တွင် အပါအဝင်ဖြစ်ပြီး WHO ၏ Global TB report (2023)အ ရ ၂၀ ၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေတစ်သိန်းတွင် တီဘီလူနာသစ် ဖြစ်ပွားနှုန်း ၄၇၅ ဦးရှိပြီး ‌ေ-သဆုံးနှုန်းမှာ ၈၀ ရှိနိုင်ကြောင်း ခန့်မှန်းထားကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဦး စီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ ဦးဆောင်ကာ ပြည်တွင်း/ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားမဟာဗျူဟာစီမံကိန်း (National Strategic Plan) ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာရှာဖွေတွေ့ရှိမှု၏ ၁၈ ရာနှုန်းမှာ က-လေ-းများတွင်ဖြစ်ပြီး အသက်(၈) နှစ်အောက်က-လေ-းများ၏ သလိပ်နှင့် Stool Specimen ကို GeneXpert စက်ဖြင့် တီဘီပိုးရှာဖွေစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဆေးယဉ်ပါး တီဘီရောဂါ ရှာဖွေခြင်းကို လူနာများ လက်လှမ်းမီစေရန် Rapid Diagnostic Test ဖြစ်သော GeneXpert စက် အလုံး ၁၁၀ ကို တီဘီရောဂါတိုက်ဖျက်ရေးဌာန ၈၆ ခုတွင် တပ်ဆင်လွှမ်းခြုံ ဆောင်ရွက်လျက်ရှိပြီး အမျိုးသားမှီငြမ်းပြုတီဘီဓာတ်ခွဲဌာန (ရန်ကုန်) တွင် အဓိကဆောင်ရွက်လျက်ရှိကာ မန္တလေးနှင့်တောင်ကြီးတို့တွင် အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

အလားတူ ဆေးယဉ်ပါး တီဘီရောဂါကုသမှုတွင် ခြောက်လ သို့မဟုတ် ကိုးလထိသာ ဆေးကုသမှုခံယူရမည့် ကုထုံးသစ် (BPaLM / BPaL) ကို ဆေးယဉ်ပါးတီဘီလူနာကုသမှုပေးနေသည့် ဌာနများတွင်အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာအားလုံး၏ ၉၃ ရာနှုန်းကို HIV ပိုးရှိမရှိ စစ်ဆေးနိုင်ခဲ့ပြီး HIV ပိုးတွေ့ တီဘီလူနာ ၇၉ ၃၆ ဦးအနက် ၇၆ ရာနှုန်းကို ART ဆေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်‌ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here