ရာဖာစစ်ဆင်ရေးဆက်လုပ်ပါက အစ္စရေး ဒဏ်ခတ်ခံရနိုင်–ကန်သံတမန်

0
137

တဲလဗီ–မတ် ၂၃

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းမြို့ ရာဖာအားမြေပြင်ထိုးစစ်ဆင်ရန်အစီအစဉ်များကို ဆက်လက်လုပ်ဆောင်ပါက အစ္စရေးသည် ကမ္ဘာ၌ အထီးကျန်နိုင်ငံဖြစ်သွားမည့် အန္တရာယ်ရှိနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မတ်လ ၂၂ ရက်တွင် သတိပေးခဲ့ကြောင်းသိရသည်။

မစ္စတာဘလင်ကန်သည် ဟားမတ်စ်အုပ်ချုပ်သော ဂါဇာတွင် အစ္စရေး၏ချေမှုန်းမှုနှင့်ပတ်သက်၍ ဆက်ဆံရေးတင်းမာနေချိန်တွင် အရှေ့အလယ်ပိုင်းသို့ ငြိမ်းချမ်းရေးခရီးစဉ်အတွင်း နေတန်ယာဟုနှင့်တစ်ဦးချင်းသီးသန့်တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဟားမတ်စ်ကိုနှိမ်နင်းလိုတဲ့ အစ္စရေးရဲ့ဆန္ဒကိုနားလည်ပေမဲ့လည်း ရာဖာကိုချေမှုန်းမဲ့အစီအစဉ်ဟာ လုပ်သင့်တဲ့ကိစ္စလို့မယူဆပါဘူး” ဟု မစ္စတာဘလင်ကန်ကပြောကြားခဲ့သည်။

နေတန်ယာဟုကမူ အစ္စရေးအနေဖြင့် အမေရိက၏အကူအညီများ၊ထောက်ပံ့မှုများနှင့်ပတ်သက်၍ အသိအမှတ်ပြုကျေးဇူးတင်ပါသော်လည်း ရာဖာကိစ္စအား အမေရိကန်က ဆက်လက်ကန့်ကွက်နေပါက အစ္စရေးတစ်နိုင်ငံတည်းသာ ရှေ့ဆက်လုပ်ဆောင်ရလိမ့်မည်ဟုလည်းဆိုခဲ့သည်။

အစ္စရေး၏ အရင်းနှီးဆုံးမဟာမိတ်ဟာမိတ်ဖြစ်သော အမေရိကသည် တစ်နှစ်လျှင် ဒေါ်လာဘီလျံနှင့်ချီသော စစ်ရေးအကူအညီများပေးနေပြီး အစ္စရေး၏ အကျိုးစီးပွားကိုကာကွယ်ရန် ၎င်း၏သံတမန်ရေးရာ သြဇာအာဏာကို အမြဲတစေအသုံးပြုနေသည့်နိုင်ငံလည်းဖြစ်သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here