ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာလုပ်သား ၁၆၀၀၀၀ ကျော်စေလွှတ်ထား

0
183

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ ဖေဖော်ဝါရီလအထိ (၁၁) လတာကာလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများမှတစ်ဆင့် မြန်မာလုပ်သား ၁၆၀,၀၀၀ ကျော်စေလွှတ်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ဖော်ပြထားသည့် စာရင်းဇယားများအရ ပြည်ပသို့အလုပ်သမားစေလွှတ်မှုသည် ၂၀၂၃ ခုနှစ်အတွင်း တစ်လလျှင် ပျှမ်းမျှ ၁၅,၀၀၀ ဦးလောက်သာရှိပြီး ၂၀၂၄ ခုနှစ်၏ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် ပြည်ပသို့စေလွှတ်သည့် အလုပ်သမားဦးရေမြင့်တက်ခဲ့ကြောင်း သိရသည်။

ပြည်ပလုပ်သားစေလွှတ်မှုအနေဖြင့် ထိုင်းနိုင်ငံသို့အများဆုံးဖြစ်ပြီး တစ်လလျှင် ၁၀,၀၀၀ နီးပါးစေလွှတ်မှုရှိနေကြောင်း၊ ပြည်ပသို့ အလုပ်သမားစေလွှတ်ရန် အေဂျင်စီ ၅၀၀ ကျော် ကို အကျိုးဆောင်လိုင်စင်ထုတ်ပေးထားပြီး အေဂျင်စီထက်ဝက်နီးပါးသည် အလုပ်သမားစေလွှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် အေဂျင်စီတစ်ခုချင်းအလိုက် အခွန်ပေးဆောင်ရန်နှင့် အလုပ်သမားစေလွှတ်မှု စာရင်း များ တင်ပြကြရန် အစိုးရက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here