ရုရှားက တပ်ဖွဲ့ဝင်တစ်သိန်းကိုပြင်ဆင်နေ–ယူကရိန်း

0
127

မော်စကို၊မတ် ၂၂

ယခုနွေရာသီ၌ ယူကရိန်းသို့ထိုးစစ်ဆင်မှုအသစ်ပြုလုပ်ရန်သော်လည်းကောင်း၊လျော့နည်းသွားသော တပ်အင်အားကိုပြန်လည်ဖြည့်တင်းရန်ရည်ရွယ်လျက်သော်လည်းကောင်း တပ်ဖွဲ့ဝင်အင်အား ၁၀၀,၀၀၀ ကျော်ကို ရုရှားကပြင်ဆင်နေကြောင်း ယူကရိန်းမြေပြင်တပ်ဖွဲ့မှူးက မတ်လ ၂၂ ရက်တွင်ပြောကြားခဲ့သည်။

ရုရှား – ယူကရိန်းအရေးနှစ်နှစ်ကျော်ကြာကာလအတွင်း ယူကရိန်းအရှေ့ပိုင်း၌ ရုရှားတပ်များ ရှေ့တိုးလာချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီး Oleksandr Pavliuk က ယူကရိန်းရုပ်မြင်သံကြား၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုတပ်ဖွဲ့ဝင်တိုးချဲ့မှုတွေဟာ ထိုးစစ်အသစ်အတွက်လို့ ကျိန်းသေပေါက်ယူဆလို့မရသလို လျော့နည်းသွားတဲ့ ရုရှားတပ်ဖွဲ့ဝင်အင်အားကို ဖြည့်တင်းတာလည်းဖြစ်နိုင်ပါတယ်၊ဒါပေမဲ့လည်း ရန်သူကိုလျှော့မတွက်သင့်တာမို့ ထိုးစစ်အသစ်အတွက်လုပ်နိုင်ခြေလည်းရှိနိုင်ပါသေးတယ်” ဟုလည်း၎င်းကပြောကြားခဲ့သည်။

မော်စကိုသည် ယခုနှစ်ကုန်ပိုင်းတွင် တပ်ဖွဲ့ အသစ်နှစ်ဖွဲ့ နှင့် စစ်ဗျူဟာ အခင်းအကျင်း အသစ် ၃၀ အား ပေါင်းစပ်ကာ ရုရှားစစ်အင်အားကို အားကောင်းအောင်ပြုလုပ်မည်ဟုလည်း ရုရှားကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here