ရွှေမန်းမြေတွင် အပြိုင်ချဲကြမည့် ရိုးရာကျား ကျော်စွာဝင်းနှင့် မွေထိုင်းဖိုက်တာ ဖွားဆိုလ

0
172

တက်သစ်စ ရိုးရာလက်ဝှေ့ အကျော်အမော်များထဲတွင် ရှုံးပွဲမရှိ စံချိန်တင်ထားသည့် မန္တလေးသားလက်ဝှေ့ကျော် ကျော်စွာဝင်းနှင့် မွေထိုင်းဖိုက်တာ ဖွားဆိုလ တို့၏ စိန်ခေါ်ပွဲကို မတ်လ (၂၄) ရက် နေ့လယ်ပိုင်းတွင် မန္တလေးမြို့ရှိ ၊ မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။

MWG -Myanmar Warrior Group က စီစဉ်ကျင်းပသည့် အဆိုပါ စိန်ခေါ်ပွဲကို မနက်ဖြန် မတ်လ (၂၄) ရက် နေ့လယ် (၁) နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ကျော်စွာဝင်းနှင့် ဖွားဆိုလတို့သည် ခေါင်တွဲဆိုင်းအဖြစ် ပါဝင်ကာ ဗလာလက်သီးဖြင့် (၅)ချီ ထိုးသ-တ်သွားကြမည်ဖြစ်သည်။

ကျော်စွာဝင်း ယခုနောက်ပိုင်း လူငယ်ကစားသမားများထဲတွင် ရုံးပွဲမရှိ စံချိန်တင်ထားသည့်အပြင် သ-တ်လုံး သ-တ်ကွက်ကောင်းသည့်အပြင် သက်လုံကောင်းသည့်အတွက် ရိုးရာလက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုများကို ခံထားရသူလည်း ဖြစ်သည်။

ကျော်စွာဝင်း အနေဖြင့် ပြီးခဲ့သည့်လအတွင်းက နောက်ဆုံးထိုးသ-တ်ထားသည့် ခွန်ခမာ လက်ဝှေ့ပွဲတွင်လည်း ပြိုင်ဘက်ထိုင်းဖိုက်တာကို အလဲထိုးနှင့် အနိုင်ရရှိထားသူဖြစ်သည်။

၎င်းနှင့် ယှဉ်ပြိုင်မည့် ပြိုင်ဘက် ဖွားဆိုလသည်လည်း ရိုးရာလက်ဝှေ့နှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးဖြစ်ကာ မြန်မာ့လက်ဝှေ့ ထိပ်တန်း
ဖိုက်တာများဖြစ်သည့် သွေးသစ်ဝင်းလှိုင် ၊ စိုးလင်းဦးတို့ဖြင့်လည်း ထိုးသ-တ်ခဲ့ဖူးသည့် အတွေ့အကြုံရှိ ဝါရင့် မွေထိုင်းကစားသမားတစ်ဦးဖြစ်သည်။

မနက်ဖြန် ကျင်းပမည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးတွင် ဒုခေါင်တွဲဆိုင်းအဖြစ် လက်ဝှေ့ကျော် ရန်နိုင်ထွန်း နှင့် ANS ချန်ပီယံ သက်ဝင်းအောင် ၊ တတိယခေါင်တွဲဆိုင်းအဖြစ် လက်ဝှေ့ကျော် အောင်ခိုင် နှင့် စောမင်းအောင် တို့ပွဲစဉ်များလည်း ပါဝင်ပြီး စောဂျွန် နှင့် အာရှနဂါး တို့၏ပွဲအပြင် ကျန်တွဲဆိုင်း ပေါင်းများစွာလည်း ပါဝင်ကြောင်း အားကစားသတင်းဌာနများ၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here