စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

0
122

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြီးမှူး၍ စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ အား ဆွမ်းဆန်စိမ်း လောင်းလှူသည့်ပွဲကို မတ်လ (၂၃) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူဝိပဿနာ အကယ်ဒမီကျောင်းတိုက်ကြီးအတွင်း၌ ကျင်းပခဲ့သည်။

ဆရာတော်/သံဃာတော်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ မြို့မိ မြို့ဖများနှင့် အလှူရှင်များက ဝတ္ထုငွေနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။

ဆက်လက်၍ သီတဂူ သံဝေဇနိယ ဓမ္မဗိမာန်တော်ကြီးတွင်စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်ချမင်္ဂလာကိုကျင်းပရာ သီတဂူဆရာ တော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နမောတဿ ၃ ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် သီတဂူ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဩဝါဒကထာကိုသီတဂူဆရာတော်ကြီးက မိန့်ကြားချီးမြင့်တော်မှုပြီး ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက ဒါတပ္ပဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သီတဂူဆရာတော်ကြီးမှ မေတ္တာပို့အမျှဝေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here