သံတွဲမြို့တွင် မီးပလပ်ခုံ အပူလွန်ကဲရာမှ နေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွား

0
183

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ သစ္စာလမ်းသွယ်အတွင်း ယမန်နေ့ မတ်လ (၂၃) နံနက် (၁၀) နာရီ (၄၀) မိနစ်ခန့်က ထမင်းချက်သည့် မီးပလပ်ခုံအပူလွန်ကဲပြီး ဝါယာကြိုးမှတဆင့် ၎င်းအပေါ်ရှိ အဝတ်စအား မီးကူးစက်ရာမှ လူနေအိမ်(၃)လုံးမီးလောင်ကျွမ်းဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

အဆိုပါ မီးလောင်ရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးကီးထန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနေလင်းကျော် ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၂၆ ဦးတို့မှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် (၁၁)နာရီ (၂၀)မိနစစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် (၁၅x ၄၀)ပေရှိ အုပ်ညှပ်နှစ်ထပ်အိမ်(၁)လုံး၊ (၁၅x ၂၀)ပေရှိ သွပ်မိုး/ပျဉ်ကာ တစ်ထပ်အိမ်(၂)လုံးစုစုပေါင်း လူနေအိမ်(၃)လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ဒေသခံ (၂၃)ဦး မီးဘေးသင့်ခဲ့ရပြီး လက်ရှိတွင် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်တို့တွင် ယာယီနေထိုင်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သ‌ေ-သဆုံးမှု မရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here