မန္တလေးတွင် ယနေ့ စိန်ခေါ်ထိုးသ-တ်မည့်တွဲဆိုင်းများအနက် တွဲဆိုင်းတစ်ဆိုင်း အပြောင်းအလဲဖြစ်ပေါ်

0
168

ယနေ့ မတ်လ(၂၄)ရက်တွင် မန္တလေးမြို့၊ မန္တလာသီရိကွင်းအတွင်း Myanmar Warrior Group(MWG) က စီစဉ်ကျင်းပသည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၌ တွဲဆိုင်းတစ်ဆိုင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့ကြောင်း ယင်းအဖွဲ့က အသိပေးကြေညာထားသည်။

ယနေ့ ယှဉ်ပြိုင်ထိုးသ-တ်မည့် တွဲဆိုင်း (၈)ဆိုင်းအနက် စောငမောက်နှင့် အောင်နိုင်ထွန်း တွဲဆိုင်းအား အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အောင်နိုင်ထွန်းနေရာတွင် ကရင်လေးက အစားထိုး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ခေါင်းတွဲဆိုင်းအဖြစ် လက်ဝှေ့ကျော် ကျော်စွာဝင်းနှင့် မွေထိုင်းဖိုက်တာ ဖွားဆိုလ၊ ဒုခေါင်တွဲဆိုင်းအဖြစ် လက်ဝှေ့ကျော် ရန်နိုင်ထွန်း နှင့် ANS ချန်ပီယံ သက်ဝင်းအောင် ၊ တတိယခေါင်တွဲဆိုင်းအဖြစ် လက်ဝှေ့ကျော် အောင်ခိုင် နှင့် စောမင်းအောင် တို့ပွဲစဉ်များလည်း ပါဝင်ပြီး စောဂျွန် နှင့် အာရှနဂါး တို့၏ တွဲဆိုင်းများလည်း ပါဝင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here