(၁၁)လကျော်ကာလအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာသန်း ၆၇၀ ကျော်ရရှိထား

0
178

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၏ ဆယ့်တစ်လတာကာလအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၆၇၅ ဒသမ ၉၅၈ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဧပြီလ (၁) ရက်မှ မတ်လ (၁၅) ရက်အထိတင်ပို့မှုမှ ရရှိထားသည့် ဝင်ငွေများဖြစ်ပြီး ပြီးခဲ့သည့်နှစ် ကာလတူတွင် ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၇၁၉ ဒသမ ၃၉၆ သန်း တင်ပို့ထားပြီး နှိုင်းယှဉ်ပါက ၄၃ သန်းကျော်လျော့ကျနေကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

မြန်မာ့ရေထွက်ကုန်တွေကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံတွေကို မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများမှလည်း ငါး၊ ပုစွန်၊ ဂဏန်း စသည့်ရေထွက်ကုန်တွေကို ပုံမှန်တင်ပို့နေခြင်းဖြစ်သည်။

ပြည်ပသို့ ငါးတင်ပို့မှုတွင် ငါးသလောက်၊ ကတ်ကတစ်၊ ငါး မြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စသည့် အမျိုးအစား (၂၀) ကျော် တင်ပို့လျက်ရှိပြီး မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း (၄၅) နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here