ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို ဒုံးမိုးရွာချ

0
142

စနေနေ့ညပိုင်းက ခရိုင်းမီးယားကျွန်းဆွယ် ဆီဗာစတိုပိုးလ်ဆိပ်ကမ်းဝေဟင်မှာ ယူကရိန်းက ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ၁၀ စင်းကျော်ကို ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ပစ်ချခဲ့တယ်လို့ ရုရှားခန့်အပ် ခရိုင်းမီးယားကျွန်းဆွယ်ဆိုင်ရာ အရာရှိတစ်ဦးက ပြောဆိုပါတယ်။ ယင်းတို-က်ခို-က်မှုကြောင့် ယူကရိန်းထံက ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှာ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေ ရပ်တန့်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ဆီဗာစတိုပိုးလ်မြို့အပေါ် ကြီးမားတဲ့ တို-က်ခို-က်မှုတစ်ခုကို မိမိတို့ စစ်တပ်က တွန်းလှန်နိုင်ခဲ့ပါတယ်” လို့ ရုရှားခန့်အပ် ဆီဗာစတိုပိုးလ်အုပ်ချုပ်ရေးမှူး မီခေးလ် ရာဇဗိုဇာယက်ဗ်က တယ်လီဂရမ်အကောင့်မှာ ပြောဆိုခဲ့ပါတယ်။

ကနဦးသတင်းအချက်အလက်တွေအရ ဒုံးကျည် ၁၀ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကာ ရုံးအဆောက်အအုံတစ်ခု၊ ဂက်စ်ပိုက်လိုင်းတစ်ခုအပါအဝင် အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့လည်း သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

ယူကရိန်းရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် ရုရှားရဲ့ ပင်မကုန်းမြေနဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်သွယ်ထားရာ ရေကြောင်းနဲ့ ကားလမ်းတွေ နာရီအတော်ကြာ ရပ်ဆိုင်းမှုဖြစ်ခဲ့တယ်လို့ မော်စကိုခန့်အပ်တဲ့ ဒေသဆိုင်ရာ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြောဆိုခဲ့ပါတယ်။

ရုရှားဟာ ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ ယူကရိန်းထံကနေ သိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။

Ref: U.S.News

LEAVE A REPLY

Please enter your comment!
Please enter your name here