ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ ၂၀၂၄ ရန်ကုန်မြို့တွင် ကျင်းပမည်

0
183

(၇) ကြိမ်မြောက်ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ ၂၀၂၄ ကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိဆီဒိုးနားဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲကို ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း၊ Association of Myanmar Alumni from Universities in Thailand (AMAUT) မှ ကြီးမှူး၍ပြသသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ (၇) ရက် တနင်္ဂနွေနေ့ နံ နက် (၉) နာရီမှ ညနေ (၄) နာရီထိ ပြသသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပညာရေးပြပွဲတွင် ထိုင်းနိုင်ငံမှ နိုင်ငံတကာအဆင့်မီ နာမည်ကျော်တက္ကသိုလ် (၃၀) ကျော်မှ ပါဝင်ပြသမည်ဖြစ်ပြီး မြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ကောလိပ်များ၊ ပညာရေးအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များထံမှ သတင်းအချက်အလက်များကို တစ်ပြိုင်နက်တည်း ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲတွင် Thailand International Cooperation Agency (TICA) ၊Mahanakorn University of Technology International College (MUIC)၊Sirindhorn International Institute of Technology (SIIT),
Thammasat University, Thailand ၊ Thammasat Business School, (TBS) ၊Office of International Affairs, Thammasat University၊ The Faculty of Economics,
Thammasat University၊St Teresa International University၊ Bangkok University၊ Silpakorn University International College၊ Faculty of Engineering at Sri Racha, Kase tsart University၊ Krirk University၊ Assumption University၊ Thai-Nichi Institute of Technology, Thai-Nichi International College ၊ Asian Institute of Hospitality Management (AIHM)၊ Prince of Songkhla University ၊ Dhurakij Pundit University၊ Khon Kaen University International College၊ Burapha University International College ၊NIDA Business School ၊Siam University Panyapiwat Institute of Management (PIM)၊ KMITL Business School၊ North Bangkok University၊ SIIE, School of Engineering, KMITL၊ Rajamangala Unive rsity of Technology Krugnthep၊ Khon Kaen University ၊ The University of the Thai Chamber of Commerce (UTC C)၊ Mahidol University ၊ Kasetsart University ၊Chiang Mai Rajabhat University၊Maejo University၊ Chiang Mai University စသည့် နာမည်ကျော်တက္ကသိုလ်များ ပါဝင်ကြောင်း သိရသည်။

ယင်းကြောင့် မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကွန်ရက်များချိတ်ဆက်နိုင်မည့်ပညာရေးပြပွဲသို့ မည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် လာရောက်လေ့လာနိုင်မည်ဖြစ်ပြီး ထိုင်းတက္ကသိုလ်အများအပြားနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြု လုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here