“Common Bluebottle” လိပ်ပြာပုံ (၂၀၀)ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုး ထုတ်ဝေမည်

0
223

မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံ၌ တွေ့ရှိသော လိပ်ပြာမျိုးစိတ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့် “Common Bluebottle” လိပ်ပြာပုံ (၂၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးကို ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာပို့တံဆိပ်ခေါင်းအသစ်အား၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက်တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာတိုက်များမှ နံနက် ၉ နာရီခွဲမှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတွင် ဝယ်ယူသူများကို စာပို့တံဆိပ်ခေါင်းများအပေါ်မှ နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here