မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်တွင် နံနက်အစောပိုင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့မှ အချိန် (၂)နာရီခန့် ငြှိမ်းသတ်ခဲ့ရ

0
168

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်တွင် ယနေ့ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာ မီးသတ်တပ်ဖွဲ့မှ အချိန် (၂)နာရီခန့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

မတ်လ (၂၅) ရက်၊ နံနက်အစောပိုင်း (၄)နာရီ (၁၃)မိနစ်အချိန်ခန့်က မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မုံရွာခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ အချိန် (၂)နာရီခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၆)နာရီ (၁၅)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ရာ ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here