ကရိုကပ်စ်မြို့တော်ခန်းမအား တို-က်ခို-က်သူ စတုတ္ထမြောက် သံသယတရားခံ ဖေဇော့ဗ်ကို တရားရုံးက ချုပ်နှောင်ဖမ်းဆီးမိန့်ချမှတ်

0
141

ရုရှားနိုင်ငံ ကရိုကပ်စ်မြို့တော်ခန်းမအား တို-က်ခို-က်သူ စတုတ္ထမြောက် သံသယတရားခံ မူဟာမက်ဆိုဘီယာ ဖေဇော့ဗ်ကို ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်အထိ ချုပ်နှောင်ဖမ်းဆီးထားရန် မော်စကိုမြို့ရှိ ဘက်စ်မန်နီ တရားရုံးက အမိန့်ချမှတ်လိုက်သည်။

တရားရုံးကြားနာမှုကို တံခါးပိတ်ပြုလုပ်ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးမှုများရ ဖေဇော့ဗ်သည် ကရိုကပ်စ် မြို့တော်ခန်ခန်းမ တို-က်ခို-က်မှုကို ဗီဒီယို ရို-က်ကူးခဲ့သူဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တရားရုံးမှ သံသယ တရားခံ လေးဦးဖြစ်ကြသည့် ဒေ့လာ့ဒ်ဇွန် မီယာဇိုယက်ဗ်၊ ဆိုင်ဒါကရာမီ ရာချာဘာလီဇိုဒူ၊ ရှမ်ဆီဒင် ဖာရီဒူနီနှင့် မူဟာမက်ဆိုဘီယာ ဖေဇော့ဗ် တို့ကို ချုပ်နှောင်ဖမ်းဆီးမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖေဇော့ဗ်သည် တရားရုံးကြားနာခြင်းကို ထမ်းစင်ပေါ်မှသာ တက်ရောက်နိုင်ခဲ့ပြီး စကားပြောရန် ခက်ခဲနေခဲ့သည်။ ယင်းအခြေအနေများကို ထည့်သွင်းစဉ်းစားကာ ချုပ်နှောင်ဖမ်းဆီးခြင်းနှင့် မဆက်စပ်သည့် ကန့်သတ်မှုတစ်ခု ပြုလုပ်သတ်မှတ်ပေးရန် သူ၏ရှေ့နေများက တရားရုံးသို့ တောင်းဆိုခဲ့သည်။

မော်စကိုဒေသရှိ ကရိုကပ်စ်မြို့တော်ခန်းမ၌ ကျင်းပသော ဂီတဖျော်ဖြေပွဲ၌ မတ်လ ၂၂ ရက်က အကြ-မ်းဖက် တို-က်ခို-က်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ စုံစမ်းစစ်ဆေးရေး ကော်မတီ၏ အဆိုအရ စုစုပေါင်း လူ ၁၃၇ ဦး ‌ေ-သဆုံးပြီး ‌ေ-သဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း သိရသည်။ မော်စကိုဒေသ ကျန်းမာရေးဝန်ကြီးဌာနက လူ ၁၈၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ယူကရိန်းနယ်စပ်သို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည့် သံသယတရားခံ ၄ ဦးအပါအဝင် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူ စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်သည်။ တို-က်ခို-က်သူများသည် နယ်စပ်ဖြတ်ကျော်ရန် ယူကရိန်းတွင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ အဆိုပါ တို-က်ခို-က်မှုနောက်ကွယ်မှ ပါဝင်ပတ်သက်နေသူ အားလုံးကို ဖော်ထုတ်၍ ပြတ်သားစွာ အပြစ်ပေးမည်ဟုလည်း သူကကတိပြုခဲ့ပြီး မတ်လ ၂၄ ရက်နေ့ကို အမျိုးသား ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here