မန္တလေးတွင် မှုခင်းသတင်းထောက်များအား ရုံးအတွင်းဓ-ားဖြင့် ဝင်ခု-တ်သည့်အတွက် (၄) ဦး စိုးရိမ်ရ လူနာများအဖြစ် ဆေးကုသမှုခံယူနေရ

0
503

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ နေပြည်တော် မှုခင်းသတင်းထောက်ရုံးအတွင်းသို့ လူတစ်စုမှ ဓ-ားဖြင့်ဝင်ခု-တ်ခဲ့သည့်အတွက် (၄) ဦး မှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရ လူနာများအဖြစ် မန္တလေးပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံ သိရသည်။

ဖြစ်စဉ်မှာ မတ်လ (၂၃)ရက် ည(၁၂)နာရီခွဲဝန်းကျင် အချိန်တွင် လူအယောက် (၅၀) ဝန်းကျင်ပါသည့် လူအုပ်စုသည်ဆိုင်ကယ်များဖြင့် ရပ်ကွက်အတွင်း ဝင်ရောက်ကာ နေပြည်တော်မှုခင်းသတင်းထောက်ရုံးဆိုင်းဘုတ်များကို ဖျက်ဆီးကာ ရုံးအတွင်း ညအိပ်တာဝန်ထမ်းဆောင်နေကြသော သူများအား ဓ-ားများဖြင့် ဝင်ခု-တ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရုံးသုံးလပ်တော့ပ် (၁)လုံးနှင့် ဖုန်း (၆)လုံးကိုလည်း အဆိုပါ လူအုပ်စုမှ ယူဆောင်သွားခဲ့ကြောင်းသိရသည်။

ယင်းဖြစ်စဉ်ကြောင့် ရုံးအတွင်း ညအိပ် တာဝန်ထမ်းဆောင်နေသည့် မှုခင်းသတင်းထောက်များမှာ တိုင်းတာဝန်ခံ အပါ (၄) ဦးမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရ လူနာများအဖြစ် မန္တလေးပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းများအရ သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here