ထိုင်းကြက်ခြေနီက မြန်မာကို လူသားချင်းစာနာမှုအကူအညီပေး

0
122

ဘန်ကောက်၊မတ် ၂၅

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့ရှိ ထိုင်း – မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) တွင် မြန်မာနိုင်ငံသားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို ထိုင်းကြက်ခြေနီအသင်းက မြန်မာနိုင်ငံကြက်‌ခြေနီအသင်းထံပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနား၌ မြဝတီခရိုင်ကြက်ခြေနီအသင်း ဥက္ကဋ္ဌထံ ဆန်၊ရိက္ခာခြောက်နှင့် အခြားလိုအပ်သော ပစ္စည်းများပါဝင်သည့် ကယ်ဆယ်ရေးအိတ်ပေါင်း ၄,၀၀၀ ကို မဲဆောက်မြို့ကြက်ခြေနီခရိုင်ရုံးခွဲက ပေးအပ်ခဲ့သည်ဟုလည်းသိရသည်။

အထောက်အပံ့ ပစ္စည်းများလွှဲပြောင်းပေးအပ်သည့် အခမ်းအနားအပြီးတွင် ကယ်ဆယ်ရေးအိတ်များတင်ဆောင်လာသည့်ယာဉ်တန်းသည် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် (၂) ကိုဖြတ်၍ ကရင်ပြည်နယ်အတွင်းရှိ နေရာသုံးနေရာသို့ ဖြန့်ဝေပေးခဲ့သည်ဟုလည်းသိရသည်။

AHA Center အနေဖြင့် အဆိုပါဖြန့်ဖြူးမှုကို ထိရောက်ရောက် နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ဒေသန္တရလုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်း၍ ဖြန့်ဖြူးမှုကိုစောင့်ကြည့်နိုင်ရန် နည်းပညာပိုင်းဆိုင်ရာဖြင့်ပံ့ပိုးပေးမည်ဖြစ်သည်ဟုလည်းသိရသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်မှုသည် မြန်မာနိုင်ငံရှိရွှေ့ပြောင်းဒုက္ခသည်များ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ထိုင်း၊မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး မြန်မာ၏အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းသည် ခွဲခြားဆက်ဆံမှုမရှိဘဲ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများအား တတ်နိုင်သမျှကူညီဆောင်ရွက်ပေးရန်လည်းအခိုင်အမာသန္နိဌာန်ချထားသည်။

Source : ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here