ချမ်းအေးသာစံမြို့နယ်ရှိ KBZ ဘဏ် ဓ-ားပြတိုက်ခံရ၊ ငွေကျပ်သိန်း ၂၀၈၀ ခန့် လုယက်ယူဆောင်သွားဟုဆို

0
144

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ် ဓ-ားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၂၀၈၀ ခန့် လုယက်ယူဆောင်သွားခြင်းခံခဲ့ရကြောင်း ဘဏ်နှင့် နီးစပ်သည့် အသိုင်းဝိုင်းထံမှ သိရသည်။

ယနေ့ မတ်လ(၂၅)ရက်၊ နံနက် (၁၁) နာရီဝန်းကျင်က ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက် (၇၄) လမ်းနှင့် (၃၁) လမ်း(A)ထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ (၄၆) ဓ-ားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဖြစ်စဉ်မှာ အမည်မသိ အမျိုးသား (၃)ဦးမှ ‌ေ-သနတ်နှင့် ရဲဒင်းများ ကိုင်ဆောင်၍ ဝင်ရောက်လာပြီး ဘဏ်အတွင်းရှိ လူများအား ထောင့်တစ်ခုတွင် စုထိုင်ခိုင်းကာ ဓ-ားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများအရ တွေ့ရှိရသည်။

၎င်း KBZ Bank သို့ CZI ဆိုင်ကယ်အမျိုးအစားပါ နံပါတ်ပါနှင့် နံပါတ်မပါ (၂)စီးဖြင့် အမည်မသိ အမျိုးသား(၃)ဦးမှ သေနတ်အတို (၁) လက်၊ ပုဆိန် (၁) လက်ဖြင့် ရောက်ရှိလာကာ ငွေသိန်း ၂၀၈၀ ကျပ်အား ဓ-ားပြတိုက်ယူဆောင်သွားခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

အခင်းဖြစ်စဉ်အရ ငွေတန်ဖိုးကို စိစစ်ဆဲဖြစ်ကာ စုံစမ်းစစ်ဆေးမှုများအား ဆောင်ရွက်လျက်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

မန္တလေးတွင် မတ်လ (၂၃)ရက် ည(၁၂)နာရီခွဲဝန်းကျင် အချိန်ကလည်း လူအယောက် (၅၀) ခန့်ပါသည့် လူအုပ်စုသည်ဆိုင်ကယ်များဖြင့် ရပ်ကွက်အတွင်း ဝင်ရောက်ကာ နေပြည်တော်မှုခင်းသတင်းထောက် ညအိပ်တာဝန်ထမ်းဆောင်နေကြသော သူများအား ဓ–ားများဖြင့် ဝင်ခု-တ်ခဲ့သည့်ဖြစ်စဉ်ဖြစ်ခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here