မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က “ဆိုးလ်” တင့်တပ်ဖွဲ့ကို စစ်ဆေး

0
186
This picture taken on March 24, 2024 and released by North Korea's official Korean Central News Agency (KCNA) on March 25 shows North Korean leader Kim Jong Un (L) inspecting training of the First Tank Armored Infantry Regiment, which is under the direct control of the Seoul Ryu Kyong Su Guards 105th Tank Division of the Korean People's Army (KPA) at an undisclosed location in North Korea. (Photo by KCNA VIA KNS / AFP) / - South Korea OUT / - SOUTH KOREA OUT / ---EDITORS NOTE--- RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO/KCNA VIA KNS" - NO MARKETING NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS THIS PICTURE WAS MADE AVAILABLE BY A THIRD PARTY. AFP CAN NOT INDEPENDENTLY VERIFY THE AUTHENTICITY, LOCATION, DATE AND CONTENT OF THIS IMAGE. - ---EDITORS NOTE--- RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO/KCNA VIA KNS" - NO MARKETING NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS THIS PICTURE WAS MADE AVAILABLE BY A THIRD PARTY. AFP CAN NOT INDEPENDENTLY VERIFY THE AUTHENTICITY, LOCATION, DATE AND CONTENT OF THIS IMAGE. /

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ကိုရီးယားစစ်ပွဲကာလအတွင်း တစ်ချိန်က ဆိုးလ်မြို့ကို ကျူးကျော်ဝင်ရောက်နိုင်ခဲ့တဲ့ တင့်ကားတပ်ဖွဲ့တစ်ခုကို စစ်ဆေးမှုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက တနင်္လာနေ့(မတ် ၂၅) မှာ ဖော်ပြခဲ့ပြီး တိုက်ပွဲအတွက် အမြဲကြီးကြီးမားမားပြင်ဆင်ထားကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ကင်ရဲ့စစ်တပ်ဟာ ပဲ့ထိန်းဒုံးကျည်တစ်မျိုးကို စမ်းသပ်ခဲ့ခြင်း၊ ဟိုက်ပါဆောနစ်ဒုံးအင်ဂျင်ရဲ့ အမျိုးအစားသစ်တစ်ခုကို စမ်းသပ်မှုလုပ်ခဲ့ခြင်းအပါအဝင် မကြာခင်က ပိတ်ပင်တားမြစ်ခံထားရတဲ့ လက်နက် စမ်းသပ်မှုများစွာ လုပ်ခဲ့မှုမှုနဲ့အတူ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးဟာ နှစ်များစွာအတွင်း အနိမ့်ဆုံးအဆင့်တစ်ခု ကျရောက်နေခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကင်ဟာ အမှတ် ၁၀၅ တင့်တပ်ရင်းဖြစ်တဲ့ Seoul Ryu Kyong Su Guards ကို သွားရောက်ခဲ့ကြောင်း တရားဝင်သတင်းဋ္ဌာန KCNA က ဆိုခဲ့ပြီး တောင်ကီုးယား တိုက်ခိုက်ရေးအစီအမံတွေအပေါ် သုံးသပ်နေပုံရတဲ့ ကင်ရဲ့ ဓါတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။

ယခင်စစ်ပွဲတုန်းကတင့်တပ်ရင်းဟာ ဆိုးလ်မြို့ကို ပထမဆုံးဝင်ရောက်နိုင်ခဲ့ပြီး ရုပ်သေးအစိုးရမြို့တော်ရဲ့ အဆောက်အအုံတစ်ခုမှာ မြောက်ကိုရီးယားနိုင်ငံ အလံကို လွှင့်ထူခဲ့တယ်လို့ KCNA က ဆက်လက် ဖော်ပြခဲ့ပါတယ်။

တင့်ကားတပ်ဖွဲ့ဟာ အတိတ်က အဖမြေလွတ်မြောက်ရေးစစ်ပွဲကာလအတွင်း တိုက်ပွဲများစွာမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့တယ်လို့လည်း ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို ရည်ညွှန်းကာ KCNA က ဆိုခဲ့ခြင်းဖြစ်ပါတယ်။

ကင်ဟာ တင့်ကားတပ်ဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုကို စစ်ဆေးကြည့်ရှု့ခဲ့ပြီး တင့်ကားတပ်ဖွဲ့ဝင်တွေရဲ့ ကောင်းစွာပြင်ဆင်ထားမှု၊ ရန်သူကို ချေမှုန်းရေး ပြင်းပြသောဆန္ဒရှိမှုတွေကို ပြသခဲ့မှုအတွက် ကျေနပ်အားရမှုရှိကြောင်း ထုတ်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: The Japan Times


LEAVE A REPLY

Please enter your comment!
Please enter your name here