စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်သာသနာ့ဗိမာန်တော်တွင်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲကျင်းပ

0
112

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခံရသည့် ဆရာတော်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များ အပ်နှင်းပွဲကို မတ်လ (၂၄) ရက်နေ့၊ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်သာသနာ့ ဗိမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားတွင်ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၁၉) ပါး၊ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး (၈) ပါးနှင့် လူပုဂ္ဂိုလ် အမျိုးသမီး (၁) ဦးတို့အား ဘွဲ့တံဆိပ်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသ ည်။

အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန့်တော့ ဖွင့်လှစ်ကာ စစ်ကိုင်းတိုင်းဒေသကြီး သာသနာရေးမှူးမှ အခမ်းအနားဖွင့် စာတမ်းဖတ်ကြားလျှောက်ထားပြီး နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမ ဟာသဒ္ဓမ္မ ဇောတိက၊ သောဠသမရွှေကျင်သာ သနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် မဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့ဆိပ်တော်ရ စစ်ကိုင်းမြို့၊ မင်းကွန်းတောင်ရိုး၊ နဂါးပတ်တောင်ကျောင်းတိုက်၊ ဘဒ္ဒန္တတိသာသန ဆရာတော်မှ သမ္မောဒနီယ ဩဝါကထာမြွတ် ကြားချီးမြင့်တော်မူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်းများနှင့် ဘွဲ့တံဆိပ်တော်များအား အသီးသီး ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသည့် အကြည်ညိုခံ ဆရာတော်ကြီးများအား တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။  

ထို့နောက်သီတဂူဆရာတော်ကြီးဟောကြားသော အနုမော ဒနာတရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံ တိဌတု ”သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းသည်။

ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြ ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here