မော်စကိုကပွဲရုံတိုက်ခိုက်မှု အစ္စလာမ်မစ် အစွန်းရောက်တွေရဲ့ လက်ချက်ဆိုပေမယ့် ကြိုးကိုင်သူတွေကို မဖော်ထုတ်နိုင်သေးဟု ပူတင် ပြောဆို

0
268

မော်စကို ဆင်ခြေဖုံးရှိ ကပွဲရုံမှာ လူ ၁၃၉ ဦးကို သ–တ်ဖြ–တ်မှုကျူးလွန်ခဲ့တဲ့ ‌ေ-သနတ်သမားတွေဟာ အစ္စလာမ်မစ် အစွန်းရောက်တွေဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တနင်္လာနေ့မှာ ပြောဆိုခဲ့ပေမယ့် ဒီကိစ္စမှာ ယူကရိန်း ပါဝင်ပတ်သက်နိုင်တဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သူ့ရဲ့ စွပ်စွဲချက်ကို ထပ်မံဖွင့်ဟခဲ့ပြန်ပါတယ်။

အစ္စလာမ်ကမ္ဘာမှာ ရာစုနှစ်နဲ့ချီ တိုက်ပွဲဝင်ခဲ့တဲ့ အစွန်းရောက်ဝါဒရှိသူတွေက သ–တ်ဖြ–တ်မှုကို လုပ်ဆောင်ခဲ့တာပါလို့ အစိုးရအရာရှိတွေနဲ့ အစည်းအဝေးမှာ ပူတင်က ပြောဆိုခဲ့ပါတယ်။

‌ေ-သနတ်သမားလေးဦးဟာ ယူကရိန်းဘက်ကို ထွက်ပြေးဖို့ကြိုးပမ်းစဉ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သီတင်းပတ်ကုန်ပိုင်းမှာ ပြောဆိုထားတဲ့ ပူတင်က ဒီတိုက်ခိုက်မှုကို ဘယ်သူတွေက အမိန့်ပေးစေခိုင်းခဲ့သလဲဆိုတာ စုံစမ်းစစ်ဆေးသူတွေ မဆုံးဖြတ်နိုင်သေးကြောင်း သို့ပေမယ့် အကြမ်းဖက်သမားတွေ ပြစ်မှုကျူးလွန်အပြီးမှာ ဘာကြောင့် ယူကရိန်းဘက်ထွက်ပြေးဖို့ကြိုးစားခဲ့သလဲဆိုတာနဲ့ အဲဒီမှာ သူတို့ကို ဘယ်သူတွေက စောင့်ကြိုနေသလဲဆိုတာကို ဖော်ထုတ်ဖို့လိုအပ်ကြောင်း ဆိုခဲ့ပါတယ်။

အိုင်အက်စ်အဖွဲ့ရဲ့ အာဖဂန်အဖွဲ့ခွဲက တိုက်ခိုက်မှုဟာ ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး အမေရိကန်ထောက်လှမ်းရေးကလည်း ယင်းအဖွဲ့ရဲ့ လက်ချက်ဆိုတာကို အတည်ပြုနိုင်တဲ့ အချက်အလက်တွေရှိကြောင်း ဆိုခဲ့ပါတယ်။

အိုင်အက်စ်ဟာ တိုက်ခိုက်မှုအတွက် တာဝန်ရှိအဖွဲ့အစည်းဖြစ်တယ်ဆိုတာကို ညွှန်ပြတဲ့ ထောက်လှမ်းရေးအချက်အလက် ပြင်သစ်မှာ ရှိထားတယ်လို့လည်း ပြင်သစ်သမ္မတ အီမန်နျူ မက်ခရွန်က ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဟာ သူ့ရဲ့ ဂြိုဟ်တုတွေ၊ ကမ္ဘာပေါ်က အခြားနိုင်ငံတွေရဲ့ ထောက်လှမ်းရေးသတင်းတွေအရ မော်စကိုအကြမ်းဖက်တိုက်ခိုက်မှုမှာ ကိဗ်ကို စွပ်စွဲစရာအနေအထားမရှိကြောင်းနဲ့ တိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့ဝင်တွေကသာ လုပ်ခဲ့တယ်ဆိုတာကို အမျိုးမျိုးသောလမ်းကြောင်းတွေနဲ့ စည်းရုံးသိမ်းသွင်းဖို့ ကြိုးပမ်းနေတာကို မြင်တွေ့နေရတယ်လို့ ထိပ်တန်းရဲအရာရှိတွေနဲ့ အစည်းအဝေးအတွင်း ပူတင်က ပြောဆိုခဲ့ပါတယ်။

“ကိဗ်အစိုးရကို ထောက်ခံသူတွေဟာ အကြမ်းဖက်မှု ကြံရာပါတွေ၊ အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီသူတွေ မဖြစ်ချင်ပေမယ့် မေးခွန်းတွေက အများကြီးရှိနေပါတယ်” ပူတင်က ပြောဆိုသွားခဲ့ပါတယ်။

Ref: ဆောက်ချိုင်းနား မောနင်းပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here