ဂါဇာအရေး၌ ကန်က ဗီတိုဖြင့်မပယ်ချသဖြင့် အမေရိကသို့ကိုယ်စားလှယ်အဖွဲ့လွှတ်မည့်ကိစ္စကို နေတန်ရာဟု ဖျက်သိမ်း

0
281

ဂျေရုဆလင်၊မတ် ၂၆

ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ကုလသမ ဂ္ဂလုံခြုံရေးကောင်စီ၏ အဆိုပြုချက်အား အမေရိက က ဗီတိုအာဏာသုံးပြီးမပယ်ချခဲ့သဖြင့် ကိုယ်စားလှယ်အဖွဲ့ကို ဝါရှင်တန်သို့စေလွှတ်တော့မည်မဟုတ်ကြောင်းအစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကပြောကြားခဲ့သည်။

ကုလ၏အပစ်အခတ်ရပ်စဲရေးအား အမေရိကန် အစိုးရက ဗီတို အာဏာဖြင့်မပယ်ချခြင်းသည် ဟားမတ်စ်များအားအမြစ်ဖြတ်ရေးနှင့် ဓ-ါးစာခံများလွတ်မြောက်ရေးကြိုးပမ်းမှုအတွင်း အမေရိက ၏ရပ်တည်မှု လျော့ရဲလာခြင်းကိုပြနေကြောင်း နေတန်ယာဟု၏ရုံးကပြောကြားခဲ့သည်။

အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓ-ါးစာခံများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကမဲခွဲဆုံးဖြတ်ရာ ထိုအချိန်၌ အမေရိက ကမဲမပေးဘဲနေခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါအပြုအမူနှင့်ပတ်သက်၍ အိမ်ဖြူတော်ကမူ အမေရိက၏ ယခုကဲ့ ကြားနေခြင်း သည် ၎င်းတို့၏ မူဝါဒအပြောင်းအလဲတစ်စုံတစ်ရာကို မထင်ဟပ်ကြောင်း ငြင်းဆိုခဲ့သည်။

အစ္စရေးအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ပါလက်စတိုင်းတစ်သန်းကျော်ခိုလှုံနေကြသည့် ဂါဇာတောင်ပိုင်း ရာဖာမြို့သို့ပြုလုပ်မည့် အစ္စရေး၏စစ်ဆင်ရေးနှင့်ပတ်သက်၍ဆွေးနွေးရန် ဝါရှင်တန်သို့သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖျက်သိမ်းမှုကို အိမ်ဖြူတော် နိုင်ငံ တော် လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကလည်းမေးမြန်းမှုများပြုလုပ်ခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here