ဂါဇာအရပ်သား ‌ေ-သဆုံးမှု အရမ်းများလွန်းနေကြောင်း ကန် ကာကွယ်ရေးဝန်ကြီးက အစ္စရေး ကာကွယ်ရေးဝန်ကြီးကို ပြောဆို

0
206
US Defense Secretary Lloyd Austin (R) meets Israeli Defense Minister Yoav Gallant (2nd L) at the Pentagon in Washington, DC, on March 26, 2024. (Photo by Drew ANGERER / AFP)

ဂါဇာမှာ အရပ်သား‌ေ-သဆုံးရမှုဟာ အရမ်းမြင့်လွန်းတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အစ္စရေး ကာကွယ်ရေးဝန်ကြီး ယွတ်ဗ် ဂါလန့်ကို မတ် ၂၆ ရက်မှာ ပြောဆိုခဲ့ပြီး ဂါဇာတောင်ပိုင်းဒေသကို အစ္စရေးက အဓိက ထိုးစစ်တစ်ခုဖော်ဆောင်မယ့်အရေးမှာ အခြားရွေးချယ်စရာတွေနဲ့ပတ်သက်လို့ သူတို့နှစ်ဦး ဆွေးနွေးသွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဂါဇာစစ်ဘေးရှောင်အများအပြား ရောက်ရှိနေတဲ့ တောင်ပိုင်း ရာဖာမြို့ကို ထိုးစစ်ဆင်မယ့် ဝန်ကြီးချုပ်နေတန်ယာဟုရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ အမေရိကန်ဘက်က စိုးရိမ်ပူပန်မှုတွေအပေါ် ဆွေးနွေးကြဖို့ရာ သီးခြားအစ္စရေး ကိုယ်စားလှယ်အဖွဲ့တစ်ခု ဝါရှင်တန်ကို သွားရောက်ဖို့ စီစဉ်ထားခဲ့ပါတယ်။

သို့ပေမယ့် ဂါဇာအပစ်ရပ်စဲရေးတောင်းဆိုတဲ့ မတ် ၂၅ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မဲခွဲမှုမှာ အမေရိကန်က ဗီတိုမသုံးဘဲ အတည်ဖြစ်စေခဲ့ပြီးနောက်မှာ ယင်း အစီအစဉ်ကို အစ္စရေးက ဖျက်သိမ်းခဲ့ပါတယ်။

“ဒီနေ့ ဂါဇာမှာ အရပ်သားတွေ ထိခိုက်‌ေ-သကြေရမှုက အရမ်းများနေပြီး လူသားချင်းစာနာမှု အကူအညီပမာဏကတော့ အတော်လေး နည်းနေပါတယ်” လို့ အစည်းအဝေးအစမှာ အော်စတင်က ပြောဆိုပြီး ရာဖာရှိ ဟားမတ်စ်တွေကို ပစ်မှတ်ထားခြင်းမှာ အခြားရွေးချယ်စရာတွေကိုလည်း ဆွေးနွေးမှုမှာ ထည့်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဂါလန့်ကလည်း ဂါဇာဖွံ့ဖြိုးတိုးတက်မှုနဲ့ ဟားမတ်စ်ကို ချေမှုန်းပြီး အစ္စရေးဓ-ါးစာခံတွေကို ပြန်ခေါ်ဆောင်နိုင်မယ့် မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အောင်မြင်ရေးနည်းလမ်းတွေအပေါ် ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်မြေအတွင်း ဟားမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့မှုအတွင်း အရပ်သားအများစုပါဝင်တဲ့ လူ ၁၁၆၀ ဦးခန့် ‌ေ-သဆုံးခဲ့ကြောင်း အစ္စရေးအစိုးရ စာရင်းဇယားတွေက ဖော်ပြပါတယ်။ ယင်းဖြစ်စဉ်အတွင်း လူများစွာ ဓ-ါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ယင်းတို့ထဲက ၁၃၀ လောက်ဟာ လက်ရှိအထိ ဂါဇာမှာ ထိန်းသိမ်းခံထားရဆဲလို့ ယုံကြည်ရပါတယ်။

အမေရိကန်ဟာ အစ္စရေးကို စစ်ရေး၊ သံတမန်ရေးအရ ကူညီပံ့ပိုးမှုတွေလုပ်ကာ ကျောထောက်နောက်ခံပေးထားခဲ့ပေမယ့် ဂါဇာကမ်းမြောက် စစ်ဆင်ရေးမှာ အရပ်သား‌ေ-သဆုံးမှုတွေ မြင့်မားလာခြင်း၊ လူသားချင်းစာနာမှု အခြေအနေတွေ ပိုမိုဆိုးဝါးလာခြင်းကြောင့် နေတန်ယာဟုအပေါ် အမြင်မကြည်တဲ့စကားတွေ ထုတ်ပြောလာခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here