အစ္စရေးသည် ဂါဇာ၌ လူသားချင်းစာနာမှုအကူအညီများ မကြန့်ကြာစေရ–အိုင်စီဂျေ

0
328

သည်ဟိဂ်၊မတ် ၂၉

ဂါဇာကမ်းမြောင်ဒေသ၌ အငတ်ဘေးတွေ့နေသဖြင့် အစ္စရေးသည် ဂါဇာသို့ လူသားချင်းစာနာထောက်ထားသော အကူအညီများကို မနှောင့်နှေးစေဘဲပေးခွင့်ပြုရမည်ဟု နိုင်ငံတကာ တရားရုံး (အိုင်စီဂျေ) ကအမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

ဝိုင်းပတ်ပိတ်ဆို့ခံထားရသော ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများပြင်းထန်စွာဆက်ဖြစ်နေချိန်တွင် နိုင်ငံတကာတရားရုံး၏ ယခုအမိန့်ထွက်ပေါ်လာပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချက်ခြင်းအပစ်အခတ်ရပ်စဲရန်တောင်းဆိုထားသော်လည်း အပြောင်းအလဲတစ်စုံတစ်ရာမတွေ့ရသေးကြောင်း ဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့တစ်ခုက ပြောကြားခဲ့သည်။

အစ္စရေးအနေဖြင့် ဂါဇာ၌အရေးပေါ်လိုအပ်နေသည့် အခြေခံဝန်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားသော အကူအညီများအား မနှောင့်နှေးစေရန်အတွက် လိုအပ်သောထိရောက်သည့်အစီအမံများအားလုံးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း အိုင်စီဂျေကပြောကြားခဲ့သည်။

“ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်းတွေဟာ အငတ်ဘေးကျနိုင်တဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတာမျိုးမဟုတ်တော့ဘဲ… အငတ်ဘေးဆိုက်တဲ့အ‌ခြေအနေကိရောက်နေပါပြီ” ဟု လည်းတရားရုံးကပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသမှ ဟားမတ်စ်အဖွဲ့က ပြီးခဲ့သည့်နှစ်အောက်တိုဘာ ၇ ရက်၌ အစ္စရေးသို့စတင်တိုက်ခိုက်မှုအပြီးတွင် နှစ်ဖက်စစ်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားအများစုပါဝင်သည့် လူပေါင်း ၁,၁၆၀ ခန့် ‌ေ-သဆုံးခဲ့ကြောင်း အစ္စရေး၏တရားဝင်ထုတ်ပြန်ချက်အရသိရသည်။

ဂါဇာကမ်းမြောင်ဒေသ၌ ကျန်နေသေးသည်ဟု အစ္စရေးကယုံကြည်နေသည့် ဓ-ါးစာခံ ၂၅၀ ခန့်ကိုလည်း အဆိုပါနေ့၌ပင်စစ်သွေးကြွများက ဖမ်းဆီးသွားခဲ့ပြီး ယခုအချိန်အထိ ဓ-ါးစာခံ ၃၄ ဦး‌ေ-သဆုံးခဲ့ပြီဟုသိရသည်။

အဆိုပါဖြစ်စဉ်အတွက် အစ္စရေး၏လက်တုံ့ပြန်မှုကြောင့် ဂါဇာ၌ လူ ၃၂,၅၅၂ ထက်မနည်း ‌ေ-သဆုံးခဲ့ပြီး ၎င်းတို့အနက် အများစုမှာ အမျိုးသမီးများနှင့် က-လေ-းများဖြစ်ကြောင်း ဂါဇာရှိကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here