အမေရိကန်လုပ် Abrams တင့်ကားတစ်စီးကို ရုရှားတပ်ဖွဲ့များ ထပ်မံဖျက်ဆီး

0
235

ရုရှားတပ်ဖွဲ့များသည် Avdeyevka ဒေသတွင် ယူကရိန်းစစ်တပ်၏ အမေရိကန်လုပ် Abrams တင့်ကားတစ်စီးကို ယမန်နေ့က ထပ်မံ ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ရန်သူဖက်မှ အမေရိကန်လုပ် Abrams တင့်ကားတစ်စီး၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၂ စီး၊ မော်တော်ယာဉ် ၉ စီး၊ အမေရိကန်ထုတ် M777 ဟော့ဝစ်ဇာအမြောက် ၂ လက်၊ D-30 အမြောက်သယ်ယာဉ် ၂ စီး နှင့် တင့်ကား ၃ စီး တို့ကို မိမိတပ်များက ဖျက်ဆီးနိုင်ခဲ့ပြီး ရန်သူ တပ်ဖွဲ့ဝင် ၉၅ ဦးခန့်ကို ခြေမှုန်းနိုင်ခဲ့ကြောင်း” ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားတပ်ဖွဲ့များသည် Kupyansk ဒေသတွင်လည်း ယူကရိန်းတပ်ဖွဲ့ဝင် ၃၀ ခန့်ကို ခြေမှုန်းခဲ့သေးကြောင်း သိရသည်။

ရုရှားတပ်ဖွဲ့များသည် Kupyansk ဒေသတွင် ယူကရိန်းတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် တိုက်ခိုက်ရေးယာဉ် ၄ စီးခန့်ကို ယမန်နေ့ကပင်လျှင် ခြေမှုန်းဖျက်ဆီးခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here