လာအိုမှာ ဒေါင့်သန်းရောဂါ ကူးစက်ဖြစ်ပွားနေတာကြောင့် ထိုင်းမှာ သတိပေးတပ်လှန့်မှုလုပ်

0
184

လာအိုနိုင်ငံမှာ ဒေါင့်သန်းရောဂါကူးစက်ဖြစ်ပွားနေပြီး ရောဂါကူးစက်ခံရတဲ့ လူ ၅၀ ကျော်ရှိလာတာကြောင့် မွေးမြူရေးတိရိစ္ဆာန်တွေကို ဂရုပြုစောင့်ကြည့်ကြဖို့ ထိုင်းအစိုးရက ကြာသပတေးနေ့မှာ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

မြေဆီလွှာအတွင်းရှိ ဘက်တီးယားများကနေ ကူးစက်ပျံ့နှံ့တဲ့ ဒေါ့င့်သန်းရောဂါဟာ များသောအားဖြင့် စားကျက်တိရိစ္ဆာန်တွေ၊ တောင်ရိုင်းတိရိစ္ဆာန်တွေကို ကူးစက်တတ်ပေမယ့် လူတွေကိုလည်း ကူးစက်နိုင်ပြီး အချို့သောအခြေအနေတွေမှာ အသက်‌ေ-သဆုံးတဲ့အထိဖြစ်နိုင်တယ်လို့ သိရပါတယ်။

ရောဂါဖြစ်ပွားမှုအခြေအနေကို သေချာစွာစောင့်ကြည့်ဖို့နဲ့ အများပြည်သူကို အကာအကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ ထဝီဆင်းက တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။

လူတွေအနေနဲ့ အသက်ရှုလမ်းကြောင်းမှတဆင့်၊ ရောဂါပိုးရှိနေတဲ့ အစားအစာတွေကို စားသောက်မိခြင်း၊ ပေါက်ပြဲအရေပြားနဲ့ ဘက်တီးရီယားတွေ ထိတွေ့မိခြင်း ဥပမာအားဖြင့် ရောဂါကူးစက်ခံနေရတဲ့ တိရိစ္ဆာန်တွေကို ကိုင်တွယ်တာမျိုးကနေ ရောဂါကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံနဲ့နယ်နိမိတ် ချင်းဆက်ပြည်နယ်မှ ၅၄ ဦးအပါအဝင် သံသယရှိ ရောဂါကူးစက်ခံထားရသူ ၆၅ ဦးရှိနေတယ်လို့ လာအိုနိုင်ငံရဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ယခုလအတွင်း တွေ့ရှိခဲ့တယ်ဆိုတဲ့ ရောဂါကူးစက်မှု ၅၄ ခုကို ရည်ညွှန်းဖော်ပြခဲ့ပါတယ်။

ရောဂါဖြစ်ပွားမှုအခြေအနေ အထူးသဖြင့် နယ်စပ်ဒေသတွေအနီးမှာ အနီးကပ်သတိထားစောင့်ကြည့်သွားဖို့ ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ကြီးကို ညွှန်ကြားထားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ချိုင်ဝပ်ချာရွန်က ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

Ref: The Star


LEAVE A REPLY

Please enter your comment!
Please enter your name here