အသင်းစုဖွဲ့မှု အားကောင်းသည့် ရှမ်းယူနိုက်တက်နှင့် ကချင်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားမည်

0
105

၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် အသင်းစုဖွဲ့မှုကောင်းကြသည့် ရှမ်းယူနိုက်တက်နှင့် ကချင်ယူနိုက်တက်အသင်းတို့ မတ်လ(၃၁)ရက် ညနေ(၄) နာရီတွင် ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသင်းနှစ်သင်းသည် ယခုနှစ်ပြုလုပ်သည့် MNL Cup ပွဲစဉ် တလျှောက် နှစ်ပွဲစီကစားထားပြီး ပြိုင်ဘက်အသင်းများကို အနိုင်ရရှိထားသောအသင်းများဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းအနေဖြင့် မြန်မာလက်ရွေးစင်အသင်းသို့ ကစားသမားအချို့ စေလွှတ်ထားရှိရာမှ ယမန်နေ့ မတ်လ(၂၉)ရက်တွင် အသင်းသို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း အသိပေးထားသည်။

MNL Cup-2024 ပွဲစဉ်များကို မတ်လ (၅)ရက်မှ စတင်၍ ခတ္တနားထားရာမှ ပြန်လည်စတင်ခြင်းဖြစ်ပြီး ပွဲဦးထွက်အဖြင့် ၎င်းတို့အသင်းနှစ်သင်း ယှဉ်ပြိုင်ကစားရခြင်းလည်ဖြစ်သည်။

MNL League Cup 2024 ပွဲစဥ်များအတွင်း ဂိုးအများဆုံးသွင်းယူထားနိုင်သည့် အသင်းတွင် ကချင်ယူနိုက်တက်အသင်း ပါဝင်ထားပြီး တိုက်စစ်မှူး လန်းဆန်းအောင်က အသင်းအတွက် သွင်း (၃)ဂိုး ဖန်တီးပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here