ယခုနှစ်သင်္ကြန်တွင် ရုရှားသံရုံးနှင့် မြန်မာတရုတ်ချစ်ကြည်ရေးအသင်းတို့မှ မဏ္ဍပ်တစ်ခုစီ ပါဝင်ဆင်နွှဲမည်

0
169

ယခုနှစ်သင်္ကြန်တွင် ထူးထူးခြားခြားအနေဖြင့် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့် နာမည်ကြီးအနုပညာရှင်များ လာရောက်ဆင်နွှဲမည်ဖြစ်သကဲ့သို့ ရုရှားနိုင်ငံသံရုံးနှင့် မြန်မာ တရုတ် ချစ်ကြည်ရေးအသင်းတို့မှလည်း ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၏ ပြောကြားချက်အရ သိရသည်။

မတ် (၂၉) ရက်က ပြုလုပ်သည့် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေး ကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်သင်္ကြန်တွင် ထူးထူးခြားခြားအနေဖြင့် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့် နာမည်ကြီးအနုပညာရှင်များ ပါဝင်ဆင်နွှဲမည်ဖြစ်သကဲ့သို့ ရုရှားနိုင်ငံသံရုံးမှ မဏ္ဍပ်တစ်ခုနှင့် မြန်မာတရုတ်ချစ်ကြည်ရေးအသင်းမှလည်း ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း၊ နေပြည်တော် လမ်းလျှောက်သင်္ကြန်သည် နိုင်ငံတော်က စီမံကျင်းပသည့် နှစ်သစ်ကူးပွဲတော်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအားလုံး၊ ဝန်ထမ်းများအား လုံးနှင့် ပြည်သူလူထုစုပေါင်းပျော်ရွှင်စေရန် ရည်ရွယ်ချက်လည်းပါဝင်ကြောင်း၊ ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံတော်၏ အနေအထားအရ ဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ စည်းလုံးမှု၊ ပြည်သူနှင့်အစိုးရ၏ ပေါင်းစည်းမှု၊ တစ်သားတည်းဖြစ်မှုကိုပြသသည့် အနှစ်သာရကို ဖော်ဆောင်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။

ထို့အပြင် မြို့တော်ဝန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် နှစ်ခုလုံးတွင် ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ကာ၊ အနုပညာရှင်များကို ဖိတ်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နေပြည်တော် လမ်းလျှောက်သင်္ကြန် မဏ္ဍပ် ဆောက်လုပ်ရန်လျာထားမှု၊ ရေရရှိရေး၊ဖျော်ဖြေရေး၊ ကျန်းမာရေးပိုင်းဆိုင်ရာ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ယိမ်းအဖွဲ့များ ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးအပါအဝင် သင်္ကြန်ပွဲတော်အား အားလုံးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ လ ည်းကောင်း၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း အတွင်းရေးမှူးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူငယ်အနုပညာအဖွဲ့ Tavrida-Art မှ ပင်တိုင်အမျိုးသမီး တေးသံရှင် Nika Dubik ဦးဆောင်ပါဝင်သော အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုပါဝင်မည်ဖြစ်ပြီး ယခုနှစ်သင်္ကြန်တွင် မြန်မာနိုင်ငံမှ လူငယ်အဆိုတော် မိုးအာကာဝင်းနှင့်တွဲဖက်၍ မြန်မာ – ရုရှားနှစ်ဘာသာ ပေါင်းစပ်ရေးသားထားသော မြူးကြွသည့် သီချင်းအသစ်များနှင့် သီဆိုဖျော်ဖြေသွားရန် စီစဉ်ထားကြောင်း အစည်းအဝေးသို့ တတ်ရောက်လာသူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here