ဂျပန်၌ လည်ချောင်းနာရောဂါတစ်မျိုး ကူးစက်ပျံ့နှံ့နေ

0
299

တိုကျို၊မတ် ၂၉

ဂျပန်နိုင်ငံ၌ ရှားပါးသော်လည်း ‌ေ-သစေလောက်သည့် လည်ချောင်းရောဂါတစ်မျိုးဖြစ်ပွားလျက်ရှိပြီး အဆိုပါရောဂါပိုးကူးစက်ခံရသည့် လူနာများသည် ယခုထက်မောလာနိုင်ကြောင်း ဂျပန်ကျန်းမာရေးအာဏာပိုင်များကသတိပေးထားသည်ဟုသိရသည်။

ဂျပန်နိုင်ငံတွင် streptococcal toxic shock syndrome (STSS) အမည်ရှိ အဆိုပါရောဂါကူးစက်မှုသည် ၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း ၆၀၀ ကျော်အထိရှိလာခဲ့ပြီး ၎င်းပမာဏသည် ယမန်နှစ် တစ်နိုင်ငံလုံးစုစုပေါင်းကူးစက်မှု ၉၄၁ ခုထက် ထက်ဝက်ကျော်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ယခုရောဂါသည် ပုံမှန်အားဖြင့် အသက်ကြီးသူများ၌ ကူးစက်မှု၏နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေပိုများသည်ဟုယူဆသော်လည်း ဂျပန်နိုင်ငံ၏ နိုင်ငံတော်ကူးစက်ရောဂါများသိပ္ပံက ထုတ်ပြန်ချက်အရ ယခုမျိုးကွဲသည် အသက် ၅၀ နှစ်အောက် လူနာများ ၌ ပိုမို‌ေ-သဆုံးနိုင်သည်ကိုတွေ့ရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း အသက် ၅၀ နှစ်အောက် လူနာ ၆၅ ဦးတွင် ၂၁ ဦးသည် အဆိုပါရောဂါကူးစက်မှုကြောင့် ‌ေ-သဆုံးခဲ့ကြောင်း The Guardian ကဖော်ပြခဲ့ပြီး ရောဂါပိုးရှိသူနှင့်အလွန်နီးကပ်စွာထိတွေ့ခြင်းအပါအဝင် ခန္ဓာကိုယ်မှထွက်သောအရည်များမှတစ်ဆင့်ကူးစက်တတ်သည်ဟု သိရသည်။

ကူးစက်ခံရသည့် လူနာများသည် သွေးပေါင်ချိန်အလွန်လျင်မြန်စွာကျဆင်းခြင်း သို့မဟုတ် ကိုယ်တွင်းအင်္ဂါများချို့ယွင်းမှုများဖြစ်‌ပေါ်ကာ ‌ေ-သဆုံးသည်အထိခံစားရနိုင်သည်ဟုလည်းသိရသည်။

Source : တူဒေး


LEAVE A REPLY

Please enter your comment!
Please enter your name here