အရှေ့ဒဂုံတွင် အိမ်စီးကားနှင့် ကုန်တင်ယာဉ် တို-က်မိရာမှ အမျိုးသား (၆)ဦး ထိခိုက်ဒဏ်ရာရ

0
191

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် အိမ်စီးကားနှင့် ကုန်တင်ယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား (၆)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မီးသတ်စခန်းနှင့် ဒေသတွင်းရှိ ပရဟိတအသင်းများထံမှ သိရသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ (၁၃)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီးပေါ်ရှိ Pro1 ဈေးဝယ်စင်တာအနီးတွင် မတ်လ (၃၀) ရက်၊ ည (၁၁)နာရီအချိန်ခန့်က ယာဉ်တို-က်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သတင်းအရ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မီးသတ်စခန်းမှ 191 နှင့် နီးစပ်ရာ Ambulance ယာဉ်များ ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

“ဘယ်လိုဖြစ်လဲတော့ မသိဘူး။ အရှိန်လွန်တို-က်မိကြတာနဲ့တူတယ်။ ယာဉ်နှစ်စီးလုံးလည်း ပျက်စီးနေတယ်။ ညှပ်နေတဲ့သူတွေရှိလို့ ဝိုင်းဝန်းပြီး ဆွဲထုတ်ခဲ့ရတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တို-က်မှု ဖြစ်စဉ်ကြောင့် အမျိုးသား (၆) ဦး ထိခိုက်ဒဏ်ရာရရှိပြီး H-Rescue ပရဟိတအသင်း၊ မြို့ဦးလုလင်ပရဟိအသင်း၊ ပွင့်သစ်စလူမှုကူညီရေးအသင်းလူနာတင်ယာဉ်များဖြင့် မြောက်ဥက္ကလာမေဓာဝီဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here