ဆိုမာလီ လက်တွင်းရောက် အီရန်ငါးဖမ်းသင်္ဘောတစ်စင်းကို အိန္ဒိယရေတပ် ကယ်တင်

0
76

ဆိုမာလီနိုင်ငံကမ်းလွန်မှာ လက်နက်ကိုင် ပင်လယ်ဓ-ါးပြတွေ အပိုင်စီးခဲ့တဲ့ အီရန် ငါးဖမ်းသင်္ဘောတစ်စင်းမှ သင်္ဘောသား ၂၃ ဦးကို ကယ်တင်ပေးခဲ့တယ်လို့ အိန္ဒိယရေတပ်က ပြောဆိုပါတယ်။

မတ်လ ၂၈ ရက်က အာရေဗျပင်လယ်ရှိ ယီမင်ရဲ့ ဆိုကိုထရာကျွန်းအနောက်တောင်ဘက်မှာ AI-Kambar 786 ငါးဖမ်းသင်္ဘောပေါ် ပင်လယ်ဓ-ါးပြ ၉ ဦး တက်ရောက်အပိုင်စီးခဲ့တာဖြစ်တယ်လို့ မတ် ၂၉ ရက်က ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အိန္ဒိယရေတပ်ရဲ့ INS Sumedha နဲ့ INS Trishul စစ်သင်္ဘောတွေက အပိုင်စီးခံရတဲ့ ငါးဖမ်းသင်္ဘောကို ကြားဝင်ဟန့်တားခဲ့ပြီး ပြင်းထန်တဲ့ အကျပ်ကိုင်နည်းဗျူဟာနဲ့ ၁၂ ကြာ လုပ်ဆောင်ခဲ့ပြီးနောက် ပင်လယ် ဓ-ါးပြတွေ လက်နက်ချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

လက်ရှိမှာ ပင်လယ်ဓ-ါးပြ ၉ ဦးကို အိန္ဒိယသို့ ခေါ်ဆောင်လာပြီး ပင်လယ်ဓ-ါးပြတိုက်ဖျက်ရေး ပြည်တွင်းဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ ရေတပ်ရဲ့ စနေနေ့က သီးခြားထုတ်ပြန်ချက်တစ်ခုမှာ ဆက်လက် ဖော်ပြခဲ့ပါတယ်။ ငါးဖမ်းသင်္ဘောပေါ်က ပါကစ္စတန်နိုင်ငံသား သင်္ဘောသား ၂၃ ဦးကို လုံခြုံဘေးကင်းစွာ ကယ်တင်ပေးခဲ့ပြီး ဆေးဖက်ဆိုင်ရာ စစ်ဆေးမှုတွေလုပ်ကာ ၎င်းတို့ လုပ်ငန်းဆောင်တာတွေ ပြန်လုပ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

ပင်လယ်နီ အရှေ့ပိုင်း ရေပြင်မှာ ဆယ်စုနှစ်တစ်နီးပါးအတွင်း ပင်လယ်ဓ-ါးပြမှုဖြစ်စဉ်တွေ ပြန်လည်ခေါင်းထောင်လာခဲ့တယ်လို့ သိရပါတယ်။

Ref: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here