စင်္ကာပူ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှစ်ဆတက်၊‌ေ-သဆုံးသူ ၇ ဦးရှိပြီဖြစ်

0
124

စင်္ကာပူ၊မတ် ၃၁

စင်္ကာပူနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု မြင့်တက်လျက်ရှိပြီး ယခုနှစ်၏ပထမသုံးလပတ်တွင် ဖြစ်ပွားမှုနှုန်းသည် ၂၀၂၃ ခုနှစ်၏ အလားတူကာလကထက် နှစ်ဆကျော်ပိုမိုများပြားလျက်ရှိသည်ဟုသိရသည်။

စင်္ကာပူနိုင်ငံ National Environment Agency (NEA) ၏ မတ်လ ၃၁ ရက် ထုတ်ပြန်ချက်အရ ယခုနှစ် ပထမသုံးလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၅,၀၀၀ ကျော်ရှိပြီး ယမန်နှစ် အလားတူကာလကမူဖြစ်ပွားမှု မှာ၂,၃၆၀ ဦးသာရှိခဲ့သည်။

ယခုနှစ် မတ်လ ၂၅ ရက်အထိ ဒေသတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် လူခုနစ်ဦး‌ေ-သဆုံးခဲ့ပြီး ၂၀၂၃ ခုနှစ်တစ်ခုလုံးအတွင်း ‌ေ-သဆုံးသူ မှာ ခြောက်ဦးသာရှိ‌ကြောင်းမှတ်တမ်းများအရသိရသည်။

“စိုးရိမ်စရာကောင်းတာကက ဒီနှစ်မှာ သွေးလွန်တုပ်ကွေးကူးစက်မှုတွေ တိုးလာတာကိုတွေ့နေရပါတယ်” ဟု ရေရှည်တည်တံ့ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြီးတန်းလွှတ်တော်အတွင်းဝန် Baey Yam Keng ကပြောကြားခဲ့ပြီး “ဒီပထမသုံးလပတ်မှာ အပတ်တိုင်းကို သွေးလွန်တုပ်ကွေးဖြစ်တဲ့သူ က ၃၀၀ ကျော်ရှိပါတယ်” ဟုပြောကြားခဲ့သည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားစေသည့် အေဒီးစ်ခြင်ကျားပေါက်ဖွားမှုနှုန်းမှာလည်း မြင့်တက်နေလျက်ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆမြင့်တက်လာ‌သည်ဟုပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကပြုလုပ်ခဲ့သည့် အစုအဖွဲ့အလိုက်အသိပညာပေးမှုနှင့် သွေးလွန်တုပ်ကွေးကာကွယ်ရေး ကြိုးပမ်းမှုများမြှင့်တင်ရန် သက်ဆိုင်သူများနှင့် လက်တွဲလုပ်ဆောင်ခြင်းသည် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရာ၌အရေးကြီးကြောင်းလည်း NEA ကပြောကြားခဲ့သည်။

၂၀၂၄ အတွက် နိုင်ငံတစ်ဝန်းသွေးလွန်တုပ်ကွေးကာကွယ်တားဆီးရေး လှုပ်ရှားမှု၌ သွေးလွန်တုပ်ကွေး ကာကွယ်ခြင်းသည် လူမှုရေးတာဝန်တစ်ရပ်ဖြစ်ကြောင်းအလေးအနက်သတိပြုပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချရန် လူထုအားနိုးနိုးကြားကြားရှိနေစေရန်လည်း ဆက်လက်၍ စည်းရုံး လှုပ်ရှား ဆောက်ရွက်သွားမည်ဖြစ်ကြောင်းကိုပါထပ်လောင်းပြောကြားခဲ့သေးသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here