လာအို ပို့ကုန်သမားများကဲ့သို့ အခွင့်အရေး မရသည့်အတွက် မြန်မာ့သစ်သီး ဈေးကွက်ပျောက်မည်ကို စိုးရိမ်နေ

0
144

တရုတ်သို့ မြန်မာ့သစ်သီးများ တင်ပို့ရာတွင် လာအို Exporter များကဲ့သို့ အခွင့်အရေး တန်းတူမရရှိသည့်အတွက် မြန်မာ့သစ်သီး ဈေးကွက်ဝေစု ပျောက်မည်ကို စိုးရိမ်ကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

မြန်မာသစ်သီးကုန်သည်များ လာအို – တရုတ်သစ်သီးကုန်သွယ်ရေးမိုဟန် (Mohan)သစ်သီးကွင်းသို့ သွားရောက်လေ့လာခဲ့ရာတွင် လာအိုတောင်သူများနှင့် မြန်မာတောင်သူများ တရုတ်ဖက်သစ်သီးတင်ပို့မှု ပုံသဏ္ဍန်ချင်း ထပ်တူနီးပါးတူ ညီမှုရှိသော်လည်း လက်ခံဝယ်ယူမှုစနစ်တွင်ကွဲပြားမှုအချို့ကို မြင်တွေ့ရကြောင်း သိရသည်။

လာအိုတောင်သူများ ကိုယ်တိုင်တရုတ်ပြည်အတွင်းသို့ လာအိုနံပါတ်ပြားတပ် မော်တော်ယာဉ်များ တိုက်ရိုက်မောင်းဝင်ပြီး ရောင်းချနိုင်ခြင်း၊ ကိုယ်တိုင်ကြားခံပွဲရုံပွဲစား မလိုအပ်ဘဲလာရောက်ရောင်းချနိုင်ပြီး တိုက်ရိုက်ငွေချေပေးခြင်း၊အခွန်၊ ကွင်းကြေး၊ ကတ္တားကြေး၊ စသည်ဖြင့် ငွေကြေးကောက်ခံမှုမရှိဘဲ ဝယ်လက်တရုတ်နိုင်ငံသားများထံတွင်သာအလုံးစုံကောက်ခံကြောင်း သိရသည်။

ထို့အပြင် မိုဟန် ဒေသသည် အထူးစီးပွားရေးဇုန်အဖြစ်ဖော်ဆောင်နေသောဒေသဖြစ်ပြီး နယ်စပ်ကုန်ထုတ်လမ်းများမှာလာအို – တရုတ် အဝေးပြေး (၆)လမ်းသွား အဆင့်မြှင့်တင်ထားပြီး ဈေးကွက်အထိ မရပ်မနားလတ်ဆတ်စွာတင်ပို့နိုင်ကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် တရုတ်ဘက်သို့ သစ်သီးများတင်ပို့ရာတွင် လက်ရှိအချိန်ထိ အစားထိုးယာဉ်မောင်းစနစ်ဖြင့် သွားလာနေရကြောင်း အစရှိသည့် အခက်အခဲများစွာ ရှိနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here