တာချီလိတ်မြို့ရှိ မိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သူ အမျိုးသား နှစ်ဦးထံမှ ငွေကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
114

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သူ အမျိုးသား နှစ်ဦးထံမှ ငွေကျပ် ၁၆၈၀.၅ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ စံပယ်ဖြူလမ်းရှိ မိုတယ်တစ်ခုအား မတ်လ (၂၉) ရက် ညနေ (၄)နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရှာဖွေရာ ဘိုဘိုအောင်(ခ)ကိုအောင်နှင့် မင်းကိုခိုင် (ခ) မောင်ခိုင်တို့အား တွေ့ရှိပြီး အခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၁.၅၂ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၇၂ သိ န်း)၊ ကက်တမင်း အလေးချိန် ၈၅ ဂရမ် (ဒေသကာလပေါ က်ဈေးတန်ဖိုးငွေကျပ် ၈.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရ ဘိုဘိုအောင်(ခ)ကိုအောင်(၃၇)နှစ်နှင့် မင်းကိုခိုင်(ခ) မောင်ခိုင်(၂၈)နှစ်တို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here