ထိုင်းတွင်တရားမဝင်အလုပ်လုပ်နေသော မြန်မာအနှိပ်သည် ၁၅ ဦးကို ဖမ်းဆီး

0
178

လတ်ဖ ရောင် ၊ဘစ်စီ ကုန်တိုက်တွင်းရှိ အနှိပ်ခန်းတစ်ခုကို ရဲတပ်ဖွဲ့က စနေနေ့က ဝင်ရောက်စီးနင်းခဲ့ပြီး နိုင်ငံခြားသား ၁၅ ဦးကို ဖမ်းဆီးခဲ့သည်။

အမျိုးသားဖောက်သည်များအား လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုများနေကြောင်း သတင်းအရ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဌာနခွဲမှ အရာရှိများသည် ဘန်ကောက်မြို့ Lat Phrao မြို့နယ် ရှိ Big C Ladprao ကုန်တိုက်အတွင်း ရှိသော “Uncle Ood Massage” အမည်ရှိ အနှိပ်ခန်းကို ဝင်ရောက်စီးနင်းခဲ့သည်။

ဆိုင်အတွင်း၌ မြန်မာနိုင်ငံသား အနှိပ်သည် ၁၅ ဦးကို တွေ့ရှိခဲ့သည်။ ၎င်းတို့သည် နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုနှင့် တရားဝင် အလုပ်လုပ်ခွင့် မရှိဘဲ အလုပ်လုပ်ကိုင်မှုများကြောင့် ဖမ်းဆီးခံခဲ့ရသည်။

ပိုင်ရှင်ဟုဆိုသူ အသက် ၆၂ နှစ်ရှိ Sanid Kodphukeaw ကိုလည်း တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများအား ငှားရမ်းမှုနဲ့ တရားစွဲဆိုလိုက်သည်။

အဖမ်းခံရသည့် သံသယရှိသူများအား ပြည့်တန်ဆာလုပ်ငန်းတွင်ပါဝင်ပတ်သက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးသွားမည်ဟုရဲကဆိုသည်။

Ref:khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here