အစ္စရေးဝန်ကြီးချုပ် အူကျဝေဒနာ ခွဲစိတ်ကုသမှုခံယူမည်

0
134

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ အူကျဝေဒနာအတွက် ခွဲစိတ်ကုသမှု ခံယူသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးက မတ် ၃၁ ရက်မှာ ပြောဆိုပါတယ်။

ပုံမှန် ဆေးစစ်မှုလုပ်ဆောင်စဉ်အတွင်း အူကျဝေဒနာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ကုသမှုလုပ်ငန်းစဉ်အတွက် ဝန်ကြီးချုပ်ဟာ မေ့ဆေးပေး ကုသမှုခံယူသွားမှာဖြစ်တယ်လို့ နေတန်ယာဟုရဲ့ ရုံးက ပြောဆိုခဲ့ပါတယ်။

ရောဂါစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သူ့ကို လာရောက်ကြည့်ရှု့အားပေးကြသူတွေကို ကျေးဇူးတင်ကြောင်း တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ နေတန်ယာဟုက ပြောဆိုပါတယ်။ ဒီကုသမှုကို အောင်အောင်မြင်မြင် ကျော်ဖြတ်ပြီး လုပ်ငန်းဆောင်တာတွေ အမြန်ပြန်ပြီး ဆောင်ရွက်မယ်လို့ ကတိပေးပါကြောင်း သူက ဆိုခဲ့ပါတယ်။

ခွဲစိတ်ကုသမှု ခံယူနေစဉ်အတွင်းမှာ ဒုဝန်ကြီးချုပ်တာဝန်လည်းယူထားသူဖြစ်တဲ့ နေတန်ယာဟုရဲ့ အနီးကပ်လူယုံတစ်ဦးဖြစ်သူ တရားရေးဝန်ကြီး Yariv Levin က ယာယီဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်သွားမှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန် ပြောဆိုပါတယ်။

အသက် ၇၄ နှစ်အရွယ် နေတန်ယာဟုဟာ အစ္စရေးရဲ့ ၆ လနီးပါးကြပြီဖြစ်တဲ့ ဟားမတ်စ် ချေမှုန်းရေးစစ်ပွဲတစ်လျှောက် အချိန်ဇယားအပြည့်အ၀ တာဝန်ထမ်းဆောင်ခဲ့ကာ သူ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သူ့ရဲ့ ဆရာဝန်တွေက ပြောဆိုခဲ့ပါတယ်။

သို့ပေမယ့် ပြီးခဲ့တဲ့နှစ်မှာ သူ နှလုံးခုန်နှုန်းထိန်းစက် တပ်ဆင်လိုက်ရပြီးနောက် ကာလကြာရှည်သိထားခဲ့တဲ့ နှလုံးပြဿနာကို ဖုံးဖိထားခဲ့တယ်လို့ သူ့ရဲ့ ဆရာဝန်တွေက ဝန်ခံခဲ့ပါတယ်။

Ref: NBC News


LEAVE A REPLY

Please enter your comment!
Please enter your name here