၂၀၂၄ ခုနှစ် နွေရာသီ အခြေခံဟော်ကီသင်တန်းကို သင်တန်းသား (၁၀၀) ကျော် တက်ရောက်ခဲ့

0
119

၂၀၂၄ ခုနှစ် နွေရာသီ အခြေခံဟော်ကီသင်တန်းအား မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား (၁၀၀) ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲကို မတ်လ (၃၀) ရက်၊ နံနက် (၈)နာရီတွင် ရန်ကုန်မြို့၊ သိမ်ဖြူမြက်ခင်းတုဟော်ကီကွင်း၌ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောလုလုထော်၊ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လတ်နှင့် သင်တန်းသားများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အစီအစဉ်အရ မင်္ဂလာတောင်ညွန့်မြို့နယ်အသင်းနှင့် သာကေတမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်၂ ဂိုးစီဖြင့် သရေကျခဲ့ပြီး ပူတွဲပထမရရှိသွားသည်။

ထို့နောက် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဆက်လက်ပြုလုပ်ရာ နွေရာသီသင်တန်းဆင်း လက်မှတ်အား ဒုဥက္ကဋ္ဌ ဦးခင်မောင်လတ်မှလည်းကောင်း၊ ပူးတွဲပထမရရှိသော မင်္ဂလာတောင်ညွန်မြို့နယ်အသင်းနှင့် သာကေတမြို့နယ်အသင်းတို့အား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောလုလုထော်တို့မှ ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်အနေဖြင့် နွေရာသီသင်တန်းမှ သင်တန်းသားများ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသားဟော်ကီပြိုင်ပွဲအား ၂၀၂၄ ခုနှစ် ၊ ဧပြီလ တတိယပတ်တွင် ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here