မဟာအောင်မြေမြို့နယ်တွင် စက်ဘီးအရောင်းဆိုင် တစ်ဆိုင် မီးလောင်မှုဖြစ်ပွား 

0
137

မန်းတွင်မီးလောင်မူစိပ်လာ၍သတိရှိကြပါ။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၇၇) လမ်းနှင့် (၃၅) လမ်း၊ (၃၆) လမ်းရှိ စက်ဘီးအရောင်းဆိုင် တစ်ဆိုင်တွင် ယနေ့ ဧပြီ (၁)ရက်၊ နံနက်အစောပိုင်း (၁၂)နာရီ (၄) မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

အခင်းဖြစ်နေရာသို့ နယ်မြေခံ မီးသတ်ကားများနှင့်အတူ မဏီစလ လူမှုကူညီရေးအသင်း(မန္တလေး)မှ မီးအလင်းရောင် ရရှိရေးအတွက် ကယ်ဆယ်ရေးယာဉ် (Lighting) တို့ဖြင့် ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“မီးက အချိန်မှီ ငြှိမ်းသတ်လိုက်နိုင်လို့ တော်သေးတယ်။ ဘေးချင်းကပ်ရပ်မှာလည်း အခြားဆိုင်တို့ ဘာတို့ ရှိသေးတော့ မီးမကူးသွားဘူး။ ဒီရက်တွေထဲ မန္တလေးမှာ မီးလောင်မှုက ခပ်စိပ်စိပ်ဖြစ်လာနေတော့ ဂရုစိုက်ကြဖို့။ လိုပါတယ် ”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။ 

အဆိုပါ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်တို့ ထိခိုက်မှု မရှိကြောင်းနှင့် မီးလောင်မှု အကြောင်းရင်း ထိခိုက်ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ (၂၉) ရက်က ချမ်းအေးသာစံမြို့နယ်၊ (၇၆) လမ်း၊ (၃၄)လမ်းနှင့် (၃၅)လမ်းကြားရှိ ဘီယာဆိုင် တစ်ဆိုင်နှင့် မတ်လ (၂၈)ရက်၊ ည (၇)နာရီခွဲအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ (၆၇) လမ်းနှင့် (၁၄၁) (B)လမ်းရှိ ဆိုင်ကယ်အပိုပစ္စည်း ဂိုထောင်တို့တွင် မီးလောင်မှု ဖြစ်ပွားရာ Level – 1 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်းလည်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here